ဘဏ္ဍာနှစ်ကြားကာလ လေးလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၁,၃၀၀ ကျော် ပိုမိုရရှိခဲ့သော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၉၈၀ ရှိ

ဘဏ္ဍာနှစ်ကြားကာလ လေးလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၁,၃၀၀ ကျော် ပိုမိုရရှိခဲ့သော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၉၈၀ ရှိ
Published 23 August 2018

ဘဏ္ဍာနှစ်ကြားကာလ လေးလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၁,၃၀၀ကျော် ပိုမိုရရှိခဲ့သော်လည်း  ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာသန်း ၉၈၀ အထိ ရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဘဏ္ဍာနှစ်ကြားကာလ ဧပြီ ၁ ရက်မှ ဇူလိုင်လအကုန်အထိ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁,၉၂၄ သန်း အထိရရှိထားပြီး ယခင်နှစ်ကာလတူတွင်မှု အမေရိကန်ဒေါ်လာ ၁၀၅၇၇ သန်းသာ ရရှိထား သဖြင့် ယခုဘဏ္ဍာနှစ်ကြားကာလ လေးလအတွင်း ပြည်ပကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၄၇ သန်း အထိ ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

သု့ိသော်လည်း ဘဏ္ဍာနှစ် ကြားကာလ ဧပြီ ၁ ရက်မှ ဇူလိုင်လအကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅,၄၇၂ သန်းရရှိ ထားပြီး သွင်းကုန်ပမာဏမှာ ဒေါ်လာ ၆,၄၅၂  သန်းအထိ တင်သွင်းထားသည်။

ထို့ကြောင့် သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် အမေရိကန်ဒေါ်လာ သန်း ၉၈၀ အထိပိုမိုတင်သွင်းထားသည့်အတွက် ကုန်သွယ်မှုလိုငွေ (Trade Deficit) ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၉၈၀ အထိရှိနေသည်။

လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို ကျပ်ဘီလျံနှစ်သောင်းကျော် တင်ပို့နိုင်ရန်နှင့် ပြည်ပသွင်းကုန်ကို ကျပ်ဘီလျံနှစ်သောင်း တစ်ထောင်ကျော် တင်သွင်းသွားမည်ဖြစ်ကြောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၊ အမျိုးသား စီမံကိန်းဥပဒေကြမ်းတွင် နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို ကျပ်၂၀,၈၀၈ ဘီလျံတင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ၂၁,၄၈၈ တင်သွင်း သွားမည်ဖြစ်သည်။

ယခုနှစ်ပို့ကုန်ကဏ္ဍတွင် လယ်ယာထွက်ပစ္စည်း သစ်တောထွက်ပစ္စည်းများနှင့် အခြားပစ္စည်းစသည့်ကဏ္ဍများတွင် ယခင်နှစ်များထက် တင်ပို့မှုလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထို့အတူ သွင်းကုန်ကဏ္ဍတွင်မှု ရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စက်သုံးဆီစသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

သွင်းကုန်ကဏ္ဍတွင်မှု ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စသည့် ကဏ္ဍများတွင် ယခင်နှစ်ထက် ပိုမိုတင်သွင်းထားကြောင်း သိရသည်။

Most Read

Most Recent