မန်ယူနည်းပြ မော်ရင်ဟိုကို အသင်းဘုတ်အဖွဲ့ ဆက်လက်ထောက်ခံခဲ့ပြီး ဇီဒန်းနှင့်သတင်းများကို ငြင်းပယ်

မန်ယူနည်းပြ မော်ရင်ဟိုကို အသင်းဘုတ်အဖွဲ့ ဆက်လက်ထောက်ခံခဲ့ပြီး ဇီဒန်းနှင့်သတင်းများကို ငြင်းပယ်
Published 22 August 2018

မန်ယူအသင်းဘုတ်အဖွဲ့သည် အသင်းနည်းပြဖြစ်သူ မော်ရင်ဟိုအပေါ် အပြည့်အဝထောက်ခံချက်ပေးထားပြီး သူ၏နေရာတွင် အစားထိုးရန်အတွက် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းနှင့်လည်း ချိတ်ဆက်မှုမရှိ ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

Photo: AFP

သြဂုတ် ၁၉ ရက်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရိုက်တန်အသင်းအား (၂-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် လောင်းကစားဒိုင်များက မန်ယူနည်းပြ မော်ရင်ဟိုကို ယခုရာသီ၌ ပထမဆုံးထုတ်ပယ်ခံရမည့်သူအဖြစ် ရေပန်းစားမှုတွင် ထိပ်ဆုံးနေရာသို့ ဆွဲတင်ခဲ့ကြ သည်။ ပြင်သစ်မီဒီယာများကလည်း အသင်းလက်မဲ့ဖြစ်နေသည့် ပြင်သစ် ဂန္ထဝင် ဇီဒန်းမှာ မော်ရင်ဟို၏နေရာကို အစားထိုးရန် စိတ်ဝင်စားနေ ကြောင်း ဖော်ပြခဲ့ကြသည်။ သတင်းရင်းမြစ်တစ်ခုဖြစ်သည့် မန်ယူအသင်း၏ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက အသင်းအနေဖြင့် နည်းပြ မော်ရင်ဟို အပေါ် အပြည့်အဝယုံကြည်နေဆဲဖြစ်သည်ဟု ဖွင့်ဟခဲ့ပြီး ဇီဒန်းနှင့် သတင်းများကိုလည်း ငြင်းဆန်ပယ်ချခဲ့သည်။

Photo: Shutterstock

မော်ရင်ဟိုသည် မန်ယူ အသင်းနှင့် ပြီးခဲ့သည့် ဇန်နဝါရီက ၂၀၂၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းတိုးထားပြီး လက်ရှိအချိန်တွင် ၎င်းင်းအား ရာထူးမှထုတ်ပယ်လျှင် အသင်း အနေဖြင့် ပေါင် ၁၂ သန်း ကုန်ကျမည်ဖြစ်သည်။ မော်ရင်ဟိုမှာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း Outfield Players အဖြစ် ဖရက်ဒ်၊ ဒါလော့တို့နှစ်ဦးသာ ခေါ်ယူပေးခဲ့သဖြင့် အသင်းအပေါ် စိတ်ပျက်လျက် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ထို့ပြင် ၎င်းင်းအနေဖြင့် အပြောင်းအရွှေ့လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး မန်ယူအသင်းအမှု ဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့် ဆက်ဆံရေးအေးခဲနေသလို၊ အသင်းကစားသမားအချို့နှင့်လည်း အဖုအထစ်များရှိနေသည်။ မော်ရင်ဟိုသည် ၎င်းကိုင်တွယ်ခဲ့သည့်အသင်းတိုင်းတွင် တတိယရာသီထက် မကျော်လွန်ခဲ့ကြောင်းလည်း သိရသည်။

ပထမဆုံးထုတ်ပယ်ခံရမည့် ရေပန်းစားမှု
အမည် ရေပန်းစားမှု
မော်ရင်ဟို (မန်ယူ) ၃း၁
ဖျူရယ်လ် (လက်စတာ) ၄း၁
ဘင်နီတက်ဇ် (နယူးကာဆယ်) ၆း၁
ဟာဗီဂါစီယာ (ဝက်ဖို့ဒ်) ၁၀း၁
မာ့ခ်ဟုချ် (ဆောက်သမ်တန်) ၁၀း၁
နေးလ်ဝါနော့ခ် (ကာဒစ်ဖ်) ၁၀း၁ပ
ပယ်လီဂရီနီ (ဝက်စ်ဟမ်း) ၁၂း၁
ခရစ္စဟောက်တန် (ဘရိုက်တန်) ၂၀း၁
ဒေးဗစ်ဝက်ဂ်နာ (ဟတ်ဒါဖီးလ်) ၂၀း၁
ယိုကာနိုဗစ် (ဖူလ်ဟမ်) ၂၀း၁

Most Read

Most Recent