မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်နိုင်ရန် ပေါင် (၁၂)သန်းကို မန်ယူပရိသတ်များကြိုးပမ်းရှာဖွေ

မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်နိုင်ရန် ပေါင် (၁၂)သန်းကို မန်ယူပရိသတ်များကြိုးပမ်းရှာဖွေ
Published 21 August 2018

မန်ယူအသင်းပရိသတ်များသည် အသင်းနည်းပြ မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ရန်အတွက် ကုန်ကျမည့် ပေါင် (၁၂)သန်းကို ရန်ပုံငွေရှာဖွေစုဆောင်းရန် လုပ်ဆောင်နေကြပြီး၊ ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် GoFundMe တွင် အကောင့်ပြုလုပ်ဖန်တီးခဲ့ ကြကြောင်းသိရှိရသည်။

Photos: AFP

မန်ယူအသင်းသည် ယခုအချိန်တွင် မော်ရင်ဟိုကို ရာထူးမှထုတ်ပယ်မည်ဆိုပါက လျော် ကြေးငွေအဖြစ် ယင်းငွေပမာဏကို ပေးချေရမည်ဖြစ်ရာ အသင်းပရိသတ်များက တာဝန်ရှိသူများအနေဖြင့် ငွေ ကြေးကြောင့် မထုတ်ပယ်ခြင်းဖြစ်ပါက မိမိတို့က ယင်းငွေပမာဏကို စိုက်ထုတ်နိုင်ရန် ကြိုးပမ်းသွားမည်ဟုဆိုကာ ယင်းအစီအစဉ်ကို စတင်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် ဗြိတိန်အခြေစိုက် လောင်းကစားဝက်ဘ်ဆိုက် Sky Bet ကလည်း မော်ရင်ဟိုအား ယခုရာသီပရီးမီးယားလိဂ်တွင် ပထမဆုံးထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ထိပ်ဆုံးတွင် ၅/၁ ဖြင့် အလေးပေးထားပြီး လက်စတာအသင်းနည်းပြ ပူရယ်၊ ကာဒစ်ဖ်အသင်းနည်းပြ နေးလ်ဝါနော့ခ်တို့၏အထက်၌ ရပ်တည်ေ်နသည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူမှုအားနည်းခဲ့သည့် အသင်းတာဝန် ရှိသူများ၏စီမံဆောင်ရွက်ချက်များအပေါ် အလိုမကျဖြစ်နေပြီး မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့်လည်း ဆက်ဆံရေးအဆင်မပြေဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent