၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံးကစားသမား (၃)ဦးစာရင်း ထွက်ပေါ်

၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံးကစားသမား (၃)ဦးစာရင်း ထွက်ပေါ်
Published 21 August 2018

Photo: BBC

၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က အကောင်းဆုံးကစားသမားဆုအတွက် အပြီးသတ် (၃) ဦးစာရင်း ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

၎င်းစာရင်းတွင် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒို၊ လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမား ဆာလာနှင့် ခရိုအေးရှားအသင်းနှင့်အတူ ကမ္ဘာ့ဖလားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည့် မိုဒရစ်တို့ ပါဝင်ခဲ့သည်။

အပြီးသတ် (၃)ဦးစာရင်းတွင် ဥရောပအကောင်းဆုံး ကစားသမားဆုကို (၃)ကြိမ်အထိရခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီပါဝင်ခဲ့ခြင်းမရှိခဲ့တာကလည်း ထူးခြားမှုတစ်ခုဖြစ်ခဲ့သည်။

ဥရောပအကောင်းဆုံး ကစားသမား ဆုပေးပွဲအခမ်းအနားကို ချန်ပီယံလိဂ်မဲခွဲပွဲပြုလုပ်မည့် သြဂုတ် (၃၀)ရက်တွင် မိုနာကို၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent