နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၈၀ အထိ ကျဆင်းသော်လည်း မွန်းလွဲပိုင်းတွင် ၁၅၀၅ ကျပ်အထိ ပြန်တက်

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၈၀ အထိ ကျဆင်းသော်လည်း မွန်းလွဲပိုင်းတွင် ၁၅၀၅ ကျပ်အထိ ပြန်တက်
Published 21 August 2018

သြဂုတ် ၂၀ ရက်တွင် ကမ္ဘာ့ဒေါ်လာ ဈေးအညွှန်းကိန်း ၉၆ ပွိုင့်အထက်ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၈၀ အထိ ကျဆင်းသော်လည်း မွန်းလွဲပိုင်းတွင် ၁၅၀၅ ကျပ်အထိ ပြန်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၂၀ ရက်တွင် ၉၆ ဒသမ ၁၁ ပွိုင့်ဝန်းကျင် ဖြစ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံး ဖြစ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၁၈ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၉၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၉၅ ကျပ်၊ မလေးရှားရင်းဂစ် ၃၆၅ ကျပ်၊ ထိုင်းဘတ် ၄၆ ကျပ်၊ တရုတ်ယွမ် ၂၁၇ ကျပ်၊ ဂျပန် ယန်း ၁၃ ဒသမ ၅၀ ကျပ်ဖြစ်သည်။

Most Read

Most Recent