<

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရရှိ

ယနေ့ (သြဂုတ်လ ၂၈ ရက်) က မောင်တောမြို့ပေါ်တွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကျောင်းသားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ယနေ့ (သြဂုတ်လ ၂၈ ရက်) နေ့လည် ၁ နာရီခန့်က ဇောတိကာရုံကျောင်းတိုက် အနောက်ဘက်ရှိ ဘင်္ဂါလီနေအိမ်မှ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားမှာ ဇောတိကာရုံကျောင်းတိုက်မှ မြိုတိုင်းရင်းသား ၈ တန်းကျောင်းသားဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မောင်တောဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

August 28, 2017














Copy Protected by Chetan's WP-Copyprotect.