၁၉၇၃ ခုနှစ်နောက်ပိုင်း လီဂူးတွင် ဂိုး(၃၀)သွင်းနိုင်သည့် ပထမဆုံးဆယ်ကျော်သက်အဖြစ် ဘာပေ မှတ်တမ်းဝင်

၁၉၇၃ ခုနှစ်နောက်ပိုင်း လီဂူးတွင် ဂိုး(၃၀)သွင်းနိုင်သည့် ပထမဆုံးဆယ်ကျော်သက်အဖြစ် ဘာပေ မှတ်တမ်းဝင်
Published 20 August 2018

PSG အသင်း၏ ပြင်သစ်လူငယ်တိုက် စစ်မှူး ဘာပေသည် ၁၉၇၃ ခုနှစ်နောက်ပိုင်း လီဂူးပြိုင်ပွဲတွင် ဂိုး(၃၀)သွင်းနိုင်သည့် ပထမဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Photo: REUTERS

ပြီးခဲ့သည့်စနေနေ့က ဂူအင်ဂမ့်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့သော လီဂူးပွဲစဉ်၌ ဘာပေသည် ဒုတိယပိုင်းတွင် လူစားဝင်ကစားခဲ့ပြီး PSG အသင်းအတွက် အနိုင်ဂိုး (၂)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန်(၈၂)မိ နစ်တွင် သွင်းယူခဲ့သည့်ဂိုးမှာ လူငယ်တိုက်စစ်မှူး ဘာပေအတွက် လီဂူးပြိုင်ပွဲတွင် (၃၀) ဂိုးမြောက်ဖြစ်ခဲ့ပြီး ယခုကဲ့သို့ မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ဘာပေသည် လီဂူးပြိုင်ပွဲတွင် ဂိုး(၃၀)ရရှိရန် (၃)ရာသီကျော်ကျော်သာ အချိန်ယူခဲ့ရကြောင်း သိရသည်။ ဘာပေသည် ၎င်း၏ ပွဲဦးထွက် လီဂူးဂိုးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်က ကစားခဲ့သည့် ထရွိုင်စ်အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် စတင်သွင်းယူခဲ့သည်။

 

photo: REUTERS

ဘာပေသည် မိုနာကိုအသင်းအတွက် (၁၆) ဂိုးနှင့် PSG အသင်းအတွက် (၁၅)ဂိုးအထိ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့သော်လည်း ယခုအချိန်မှာ ၎င်းအတွက် ကစားသမားဘဝအစသာ ရှိသေးကြောင်းနှင့် အောင်မြင်မှုများရရှိရန် ဆက်လက်ကြိုးစားသွားမည်ဟု ဘာပေက ပြောကြားခဲ့သည်။

Most Read

Most Recent