မောင်တောမြို့နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသော အထက်ပြူးမ ရခိုင်ရွာနှင့် မြိုရွာ သုံးရွာတို့အား အကြမ်းဖက်သမားများမှ လာရောက်မီးရှို့သဖြင့် တစ်ရွာလုံး မီးလောင်ကျွမ်း

မောင်တောမြို့နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသော အထက်ပြူးမ ရခိုင်ရွာနှင့် မြိုရွာ သုံးရွာတို့အား အကြမ်းဖက်သမားများမှ လာရောက်မီးရှို့သဖြင့် တစ်ရွာလုံး မီးလောင်ကျွမ်း
Published 28 August 2017

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ဘက် အထက်ပြူးမ ရခိုင်ကျေးရွာကို အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများမှ ယနေ့နံနက်က မီးရှို့လိုက်ပြီ ဖြစ်ကြောင်း ကျေးရွာဒေသခံ တစ်ဦးမှ အတည်ပြု ပြောကြားချက်အရ သိရှိရသည်။

“ကျွန်တော်တို့က နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် ရွာကိုဘာမှမလုပ်နိုင်ဘူး။ ညနေကတည်းက ရွာမှာ လူတစ်ယောက်မှ မရှိဘူး။ အခုဆိုရင် မီးလောင်တာကို ကျွန်တော်တို့ရွာက လှမ်းမြင်နေရပါတယ်။ ဒီကနေ့ နံနက် ၉ နာရီလောက်မှာ စရှို့ခံရတာပါ။ တစ်ရွာလုံးလောင်သွားပါပြီ။ အဲဒီရွာမှာ အိမ်ခြေ ၃၅ လုံးလောက် ရှိပါတယ်၊ တစ်နာရီကျော်အချိန်ထိ မီးကလောင်နေဆဲပါ” ဟု ကြိမ်ချောင်းကျေးရွာမှ ကိုကျော်လှိုင်က ပြောကြားခဲ့သည်။

အဆိုပါ အထက်ပြူးမ ကျေးရွာသားများ အနေဖြင့် ငါးခူနှင့် အောက်ပြူးမ ကျေးရွာများတွင် သွားရောက်ခိုလှုံ နေရသည့်အတွက် ကျေးရွာသားများမရှိခင် အချိန်အတွင်း ဘင်္ဂါလီ အကြမ်းဖက်သမားများမှ ထိုသို့ လာရောက်မီးရှို့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် ကြိမ်ချောင်းအထက်ဘက် ဖားဝပ်ချောင်း၊ ခုန်းဒိုင်မြိုရွာတို့အား ဘင်္ဂါလီ အကြမ်းဖက်သမားများမှ ဝိုင်းဝန်းတိုက်ခိုက် လာသဖြင့် မြိုကျေးရွာဒေသခံများ ထွက်ပြေးချိန်တွင် ရွာများအား မီးရှို့ခံရခြင်း ဖြစ်ကြောင်းနှင့် ဝက်ကျိန်းမြိုရွာ ဒေသခံများမှာလည်း ထွက်ပြေးနေရကြောင်း သိရသည်။

"အခုကျွန်တော် စကားပြောနေတဲ့ အချိန်မှာဘဲ ကျွန့်တော့ဆီကို ဖုန်းဝင်လာတယ်။ တိုင်းရင်းသားတွေ ဖြစ်တဲ့ မြိုလူမျိုးတွေနေထိုင်တဲ့ ကျေးရွာတွေကိုလည်း အကြမ်းဖက်သမား ထောင်ချီတဲ့ အုပ်စုက လာရောက် တိုက်ခိုက်ပြီး ရွာကိုမီးရှို့နေတယ်။ အခုမီးလောင်နေပါတယ်။ ဖားဝပ်ချောင်းနဲ့ ခုန်းတိုင်မြိုရွာကတော့ မီးလောင်သွားပြီ။ ဝက်ကျိန်းမြိုရွာကတော့ ရွာသားတွေ ထွက်ပြေးနေပြီး မီးရှို့ဖို့အတွက် ရွာကို ဝိုင်းလာကြပြီလို့ သိရတယ်" ဟုလည်း ကြိမ်ချောင်းကျေးရွာမှ ကိုကျော်လှိုင်က ပြောကြားခဲ့သည်။

အကြမ်းဖက် ဘင်္ဂလီများနေဖြင့် တိုင်းရင်းသား ကျေးရွာများအား မီးရှို့ပစ်၊ မျိုးတုန်းအောင်သတ်ပစ်ဟု အော်ဟစ်ကာ တုတ်၊ ဓါး၊ လက်နက်များဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

Most Recent