မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် နယ်မြေလုံခြုံရေးအတွက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် နယ်မြေလုံခြုံရေးအတွက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိ
Published 19 August 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် နယ်မြေလုံခြုံရေးအတွက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ရဲဇာနည်)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် နယ်မြေလုံခြုံရေးအတွက် နှစ်နိုင်ငံနယ်ခြား စောင့်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်ကင်း လှည့်ခြင်း၊ ရေပြင်ကင်းလှည့်ခြင်း များဆောင်ရွက်နေပြီး သြဂုတ်လအတွင်း နေ့စဉ်လိုလို ကင်းလှည့်ခြင်းများ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၇ ရက်က မောင်တောမြို့နယ်၊ နယ်မြေ (၂)၊ အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ငါးရံ့ ချောင်းကင်းစခန်းမှ ဒုတိယရဲမှူး အောင်ကျော်စိုး ဦးစီးသည့်တပ်ဖွဲ့ ဝင် ၁၅ ဦး၊ စကားပြန်တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၃၄) နယ်ခြားစောင့်တပ် Rejupara ကင်းစခန်းမှ Sebedar M.Habibur Rahman ဦးစီး ၁၅ ဦးသည် မိမိတို့နိုင်ငံအသီးသီးရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၁) မှ (၄၁-၁/၂) အထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ သြဂုတ် ၁၆ ရက် ကလည်း မောင်တောမြို့၊ နယ်မြေ (၃)၊ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းကင်းစခန်းမှ ရဲအုပ်နိုင်လင်းဦးစီးသည့် တပ်ဖွဲ့ဝင် ခြောက်ဦးသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်နှစ်စင်းဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ် (၂) နယ်ခြားစောင့်တပ်မှ Sebedar Md.Adul Jalil ဦးစီး ၁၂ ဦးသည် စက်တပ်ရေယာဉ် နှစ်စင်းဖြင့်လည်းကောင်း ရေတွင်းပြင်ချောင်းဝအနီး နတ်မြစ်အလယ် နှစ်နိုင်ငံနယ်နိမိတ်အနီးဆုံရပ် ရေမိုင် ၁၅ ၌ တွေ့ ဆုံ၍ နတ်မြစ်ကြောင်းအတိုင်း ညှိနှိုင်းကင်းလှည့်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် သဲချောင်းချောင်းဝအနီး ရေမိုင် ၁၈ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၄ ရက်တွင် စံပယ်ပင်ရင်းချောင်းဝထိပ်မှ ပြူးမချောင်းချောင်းဝအနီး ရေမိုင် ၁၄ နှင့် ၁၅ ကြားသို့ ရောက်ရှိခဲ့ကြောင်း၊ သြဂုတ် ၁၄ ရက်တွင် နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၀ မှ ၄၁ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း၊ သြဂုတ် ၁၃ ရက်က နယ်စပ်ခြံစည်းရိုးလမ်းအ တိုင်း နယ်နိမိတ်မှတ်တိုင် ၄၉ မှ  ၅၀ အထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း၊ သြဂုတ်  ၁၂  ရက်ကလည်း မင်္ဂလာကြီးချောင်းဝထိပ်မှ ဦးရှည်ကျချောင်းဝအနီး ရေမိုင် ၁၁ သို့ ရောက်ရှိခဲ့ကြောင်း၊ သြဂုတ် ၁၀ ရက်က ကညင်ချောင်း ချောင်းဝထိပ်မှ မင်္ဂလာကြီးချောင်းဝအနီး ရေမိုင် ၈ သို့ ရောက်ရှိခဲ့ကြောင်း၊ သြဂုတ် ၉ ရက်က နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၇ မှ ၄၈ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင် ရွက်ခဲ့ကြောင်း၊ သြဂုတ် ၈ ရက်တွင် မကျီးချောင်းချောင်းဝအနီး နတ်မြစ်အတွင်း နှစ်နိုင်ငံရေပြင် နယ်နိမိတ်အလယ် ရေမိုင် ၃ ၌ တွေ့ဆုံ၍ နတ်မြစ်ကြောင်းအတိုင်း ညှိနှိုင်းကင်းလှည့်ခဲ့ရာ နံနက် ၁၁ နာရီ မိ နစ် ၂၀ တွင် တပ်ချောင်း ရေမိုင် ၅ သို့ ရောက်ရှိခဲ့ကြောင်း၊ သြဂုတ် ၇ ရက်တွင် နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် ၄၆ မှ ၄၇ အထိနှင့် နယ်နိမိတ်မှတ်တိုင် ၃၉ မှ ၄၀ အထိ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း ၍ မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။

ထို့ပြင် သြဂုတ် ၅ ရက်တွင် နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၅ မှ ၄၆ အ ထိနှင့် နယ်နိမိတ်မှတ်တိုင် ၃၈ မှ ၃၉ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် နယ်မြေ လုံခြုံရေးအတွက် နှစ်နိုင်ငံနယ်ခြား စောင့်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပြုချက်များအ ပေါ် အကောင်အထည် ဖော်ဆောင် ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့တို့ သြဂုတ် ၁၆ ရက်က တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည်။

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံ အသီး သီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခြင်းနှင့် နတ်မြစ်အတွင်း ရေကြောင်းကင်းလှည့်ခြင်းတို့ကို ဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patro ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ၁၄ ကြိမ်၊ မတ်တွင် ခုနစ် ကြိမ်၊ မေတွင် ၁၆ ကြိမ်၊ ဇွန်တွင် ၁၈  ကြိမ်၊ ဇူလိုင်တွင် ရှစ်ကြိမ်နှင့် စုစုပေါင်း ၆၃ ကြိမ်နှင့် ရေကြောင်း ကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း ၁၀ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား နှစ်နိုင်ငံလုံခြုံရေး နှင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှုအတွက် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၈ ခု နှစ် ဇန်နဝါရီမှ ဧပြီလအတွင်း မြန်မာဘက်ခြမ်း၌ တပ်ရင်းမှူးအဆင့် အလံတင်အခမ်းအနား အစည်းအဝေး လေးကြိမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း၌ တပ်ရင်းမှူးအဆင့် အလံတင်အခမ်းအနား အစည်းအဝေးတစ်ကြိမ်နှင့် စုစုပေါင်း ငါးကြိမ်ပြုလုပ်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံခရိုင်အုပ်ချုပ်ရေးမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ကြိမ်ကို လည်း ပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

Most Read

Most Recent