<

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်အချို့ကို တိုင်းဒေသကြီးအမိန့်ဖြင့် ခွင့်ပြုရန်စီစဉ်နေပြီး သတ္တုလုပ်ငန်းရှင်များက အမြန်ဆုံး ခွင့်ပြုပေးရန်လိုလား

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေမျောလုပ်ငန်းများကို တွေ့ရစဉ်

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်အချို့ကို တိုင်းဒေသကြီး၏ ခွင့်ပြုမိန့်ဖြင့် ခွင့်ပြုပေးရန် စီစဉ်ဆောင်ရွက်နေပြီး သတ္တုလုပ် ငန်းရှင်များက အမြန်ဆုံး ခွင့်ပြုပေးရန် လိုလားလျက်ရှိသည်ဟု သိရသည်။

“အသေးစား လက်လုပ်လက်စားများအတွက် လေးဧကပဲ တိုင်းဒေသကြီး အမိန့်အာဏာနဲ့ ချပေးတာပါ။ နည်းဥပဒေအရပေါ့။ လောလောဆယ်ကတော့ မျောတွေ Without ဖြစ်တာပေါ့။ ဖြစ်တော့ မီးရှို့တာတွေ ဖြစ်တာပေါ့။ မြန်မြန်ဆန်ဆန် ချပေးလိုက်ရင်တော့ အဲဒီနေရာတွေက သူ့ဟာသူ လုပ်ကွက်ဆွဲကြတာပေါ့။ လိုင်စင်ဆွဲကြတယ် ဆိုတာကလည်း Without မောင်းတဲ့အဖွဲ့တွေပဲ ဆွဲကြတာ။ မြန်မြန်ချပေးလိုက်ရင်တော့ Without မဖြစ်တော့ဘူးပေါ့။ အခုချမပေးတော့ Wuthout ဖြစ်တာပေါ့။ ရာခိုင်နှုန်း ၈၀ လောက်ကတော့ Without လုပ်တဲ့သူတွေက ပြန်ဆွဲကြတာပေါ့။ လောလောဆယ်ကတော့ လုပ်ပိုင်ခွင့်လိုင်စင် ချမပေးတော့ Without ဖြစ်နေကြတာပေါ့။ အခုဟာက လိုင်စင်မချပေးသေးဘူး။ တစ်လအတွင်း အမြန်လုပ်မယ်ပြောတာပဲ။ ဒီသတ္တုဌာန ဘက်ကတော့ တစ်လအတွင်းကျမယ် ထင်ပါတယ်” ဟု ဟုမ္မလင်းမြို့နယ် သတ္တုလုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးကျော်သူရက ပြောကြားသည်။

အဆိုပါ အသေးစား လက်လုပ်လက်စား လုပ်ကွက်များအတွက်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၆ ရက်မှ စတင်၍ တိုင်းဒေသကြီးအစိုးရ အမိန့်အာဏာဖြင့် လုပ်ကိုင်ခွင့်ပြုလုပ်ခဲ့ပြီး လုပ်ကွက်တစ်ကွက်လျင် လေးဧက သတ်မှတ်၍ လျှောက်ထားနိုင်သည်ဟု သိရသည်။

“အသေးစားတွေက နေပြည်တော်ကပေးတဲ့ အဆိုပြု ဧရိယာ ဆိုတာရှိတယ်။ အဆိုပါ ဧရိယာထဲမှာ ပြည်ထောင်စု ၀န်ကြီးဌာနရဲ့ သဘောထားမလိုဘူး။ နေပြည်တော်က ချပေးထားတဲ့ လုပ်ကွက်အဟောင်းတွေ လွတ်ရင် ပြီးတာပဲ။ လုပ်ကွက်ဟောင်းတွေနဲ့ လွတ်မလွတ်ဆိုတာက တိုင်းဒေသကြီး အမှတ် ၂ က စစ်မှာ (အမှတ် ၂ သတ္တုတူးဖော်ရေးရုံး) ပေါ့။ အဲဒီအပြင်ဘက်က လျှောက်မယ်ဆိုရင်တော့ နေပြည်တော်အထိ တင်ရမှာပေါ့။ အခုတိုင်းဒေသကြီးက လုပ်ပိုင်ခွင့်ရှိတဲ့ဧရိယာ ချပေးထားတဲ့အတိုင်း လျှောက်မယ် ဆိုရင်တော့ နေပြည်တော် သဘောထား မလိုတော့ဘူး။ တိုင်းဒေသကြီး လုပ်ပိုင်ခွင့်နဲ့ ချထားပေးနိုင်တဲ့ ဧရိယာက တော်တော်များများ ရှိပါတယ်။ စေတီဘက်မှာ နှစ်နေရာရှိတယ်။ ကျောင်းပေါင်း တစ်ထောင်ပါတယ်။ ဝေဖလာ တစ်အင်းလုံးနဲ့ တောင်တချို့ပါတယ်။ ခဲနန်း၊ ထိန်ကုန်း၊ လောင်ဖောင်၊ မိုးလင်းအင်းပါတယ်။ ပင်ခုပ်နား တစ်ဝိုက်ပါတယ်” ဟု ဦးကျော်သူရက ဆက်လက်ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ တရားမ၀င် လုပ်ကိုင်နေသော ရွှေမျောများကို သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးသည်ဟု သတင်းများအရ သိရသည်။

“လောလောဆယ်ကတော့ လုပ်ကွက်ချထားမပေးတော့ တရားမ၀င်တွေ ရှိနေတော့ အဲဒါတွေက တရားဝင် ဖြစ်လာမှာပေါ့။ တိုင်းဒေသကြီးလည်း အခွန်ဝင်ငွေရ၊ မျောသမားလည်း စိတ်အေးလက်အေး မောင်းရတာပေါ့။ လုပ်ကွက်များလာတာကတော့ သူကျော်ကိုယ်ကျော်၊ မျောမီးချတဲ့ ကိစ္စလေးတွေပါ။ သိပ်ကိစ္စမရှိပါဘူး။ လုပ်ကွက်ချမပေးတာ နှစ်နှစ်လောက် နားထားတော့ မျောတွေက အကုန်တရားမ၀င် မောင်းနေကြတာ။ အခုလို ပေးလိုက်တော့လည်း အခွန်ဝင်ငွေ ရတာပေါ့။ လုပ်ခွင့်မပေးတုန်းကတော့ လယ်တွေချောင်းတွေလည်း မောင်းကြတာပေါ့။ အခုတော့ လုပ်ကွက်ပေးတဲ့ အထဲမှာ လယ်တွေ၊ ချောင်းတွေကို ချမပေးဘူး။ ချောင်းတွေ လယ်တွေပျက်စီးမှု သက်သာတာပေါ့။ ချောင်းကြီးချောင်းထဲကတော့ မပေးဘူး။ ချောင်းတွေ မပေးဘူးလေ” ဟု ရွှေမျောလုပ်ငန်းရှင် တစ်ဦးက ဆက်လက်ပြောကြားသည်။

 

August 19, 2018














Copy Protected by Chetan's WP-Copyprotect.