တာချီလိတ်မြို့ရှိ ရွှေဆိုင်တစ်ခုအတွင်း နေ့ခင်းကြောင်တောင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

တာချီလိတ်မြို့ရှိ ရွှေဆိုင်တစ်ခုအတွင်း နေ့ခင်းကြောင်တောင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ
Published 19 August 2018

Photo - MOI Webportal Myanmar Facebook

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမရှေ့ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် နေ့ခင်းကြောင်တောင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိမှု သြဂုတ် ၁၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမရှေ့ရှိ ဒိုင်းမွန်းရွှေဆိုင်တွင်  သြဂုတ် ၁၈ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရွှေဆိုင်အတွင်းသို့ အမည်မသိ အမျိုးသားတစ်ဦးက သေနတ်အတိုတစ်လက် ကိုင်ဆောင်ပြီး ဝင်ရောက်လာသဖြင့် ရွှေဆိုင်မှ အရောင်းစာရေးဖြစ်သူမှာ ရွှေဆိုင်အနောက်သို့ ပြေးဝင်သွားရာ သေနတ်သမားက ရွှေထည်များ ထည့်ထားသည့် မှန်ဘီရိုအား သေနတ်ဒင်ဖြင့်ထုစဉ် သေနတ်မှ ကျည်ထွက်သွားကြောင်း သိရသည်။

ထိုသို့ သေနတ်မှ ကျည်ထွက်သွား ခြင်း ကြောင့် အဆိုပါရွှေဆိုင်တွင် ရွှေဝယ်ရန် ရောက်ရှိနေသူ အမျိုးသမီးတစ်ဦး၏ ယာဘက်လက်မောင်းရင်းတွင် သေနတ်ကျည်ဆန် ထိမှန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သွားသူအား ဖမ်းဆီးရမိရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုတို့၏ ကြီးကြပ်မှုဖြင့် အဖွဲ့ငယ်များ ဖွဲ့ပြီး ပိတ်ဆို့ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent