မောင်တောမြို့နယ် တရိန်းမြို တိုင်းရင်းသားများ တရိန်းရခိုင်ကျေးရွာသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိကြောင်း သိရှိရ

မောင်တောမြို့နယ် တရိန်းမြို တိုင်းရင်းသားများ တရိန်းရခိုင်ကျေးရွာသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိကြောင်း သိရှိရ
Published 28 August 2017

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒေသခံတိုင်းရင်းသားများသည် လုံခြုံရေးအရ စိုးရိမ်မှုဖြင့် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသော ၎င်းတို့၏ နေရပ်ကိုစွန့်ခွာ၍ လုံခြုံရေး စိတ်ချရသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိရာ အချို့ သည် လမ်းခုလပ်၌ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ လူမဆန်စွာအကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ် ခြင်းခံခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံးမှ ထုတ်ပြန်ချက်အရသိရှိရသည်။

ယင်းနှင့်ပတ်သက်ပြီး တရိန်းကျေးရွာမှ ရွှေကျော်စိန်က "အခုဆိုရင် တရိန်းမြိုရွာက မြိုတွေလည်း ကျွန်တော်တို့ ရခိုင်ရွာကို ရောက်နေပါပြီ။ လုံခြုံရေးကတော့ ချထားတဲ့အတွက် သိပ်တော့စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် စားသောက်ရေးမှာတော့ အခက်အခဲရှိတယ်။ အဓိကတော့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်လိုမျိုးနဲ့ ဟင်းအခက်အခဲရှိတယ်။ ဘယ်မှတော့ ထွက်လို့မရတဲ့အတွက် အသီအရွက်တွေကလည်း မရှိဘူး။ ဆန်ကတော့ ရွာမှာရှိတာနဲ့ စားသောက်လို့ လောလောဆယ်တော့ အဆင်ပြေတယ်" ဟုလည်း ပြောကြားခဲ့သည်။

ထိုသို့လုံခြုံရေး စိတ်ချရာနေရာသို့ ရွှေ့ပြောင်းလျက်ရှိရာတွင် သြဂုတ် ၂၆ ရက် တွင် မောင်တောမြို့နယ်၊ တရိန်းမြိုရွာမှ တိုင်းရင်းသားများသည် ၎င်းတို့၏ ကျေးရွာကို စွန့်လွှတ်၍ တရိန်းရခိုင်ကျေး ရွာသို့ ရွှေ့ပြောင်းလျက်ရှိကြောင်း သတင်းအရ လုံခြုုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ယမန်နေ့ ည ၁၂ နာရီခန့်တွင် တရိန်းရခိုင် ကျေးသို့ရောက်ရှိခဲ့ပြီး အဆိုပါကျေးရွာတွင် တရိန်းမြိုကျေးရွာမှ အိမ်ထောင်စု ၄၈ စု၊ လူဦးရေ ၃၃၃ ဦးတို့သည် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ဘေးကင်းစွာဖြင့် ရွှေ့ပြောင်းရောက်ရှိနေကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါတရိန်းကျေးရွာမှ ဒေသခံ ၃ ဦးတို့သည် ဇွန်လ ၂၄ ရက်နေ့က ဖားရှာလိပ်ရာသွားရောက်စဉ် ဘင်္ဂါလီအကြမ်းဖက်သမားများက ဝိုင်းဝန်းတိုက်ခိုက် သတ်ဖြတ်ခဲ့သည့်အတွက် အလောင်းများကို တော အတွင်းမှ တွေ့ရှိခဲ့ရကြောင်းလည်း သိရှိရသည်။ ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်နေခဲ့ သော ကျေးရွာလည်းဖြစ်ကြောင်း သိရှိရသည်။

တရိန်းမြိုရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က"လမ်းတွေကလည်းပိတ်မိတော့တော့ စား သောက်ရေးအပိုင်းမှာ အဆင်မပြေမှုတွေတော့ရှိတယ်။ လမ်းတွေမှာ မှိုင်းတွေထောင်ထားတဲ့တွက် သွား လာဖို့ စိုးရိမ်မိတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ တရိန်းရွာကို ရောက်နေကြတယ်။ ဘာကြောင့် လဲဆိုရင် တောထဲမှာကုလားတွေရှိတယ်လို့သိရတယ်။ ဒါကြောင့် ပြေးလာတာပါ။ အခုစစ်ကြောင်း ရောက်နေတယ်။ လုံခြုံရေးနဲ့ မြိုရွာကို ပြန်ပို့မယ်၊ ရဲကင်းတစ်ခု ချထားပေးမယ်လို့ ပြောတယ်" ဟုလည်း ပြောကြား ခဲ့ပါသည်။

 

Most Read

Most Recent