<

အကြမ်းဖက်ခံရသဖြင့် ကျဆုံးသွားသည့် လုံခြုံရေး ရဲအရာရှိတစ်ဦး အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လဝကဝန်ထမ်း အလောင်းများအား မောင်တောသုသာန်တွင် သဂြိုင်္ဟ်

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွတ် နယ်ခြားစောင့်ရဲစခန်းမှ ကျဆုံးသွားသည့် ရဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ ဝင် တစ်ဦး၊ မောင်တောမြောက်ပိုင်း တောင်ပြိုနယ်စပ် ဇီးပင်ချောင်း ရဲကင်းစခန်း တိုက်ခိုက်ခံရမှုမှ ရဲတပ်သား တစ်ဦးနှင့် အလယ်သံကျော် နယ်ခြားစောင့်ရဲစခန်း တိုက်ခိုက်ခံရမှုမှ ကျဆုံးသော လဝက ဝန်ထမ်းတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီကျော် အချိန်က မောင်တောသုသာန်တွင် မြေမြှုပ်သဂြိုင်္ဟ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့ အာရုဏ်တက်ချိန်တွင် မြင်းလွတ်နယ်ခြားစောင့် ရဲစခန်း တိုက်ခိုက်ခံရပြီး မြင်းလွတ်နယ်မြေမှူး ရဲမှူးဟိန်းထက်ကျော်၊ တပ်သားဝင်းထိုက်၊ အလယ်သံကျော် ဒုလဝကမှူး ဦးဇာမောင်၊ ဇီးပင်ချောင်း ကင်းစခန်းမှ တပ်သား မင်းသူရနိုင်နှင့် တပ်သား ဇာနည်ထွန်းတို့ဖြစ်ကြောင်း မောင်တော နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူးရုံးမှ သိရသည်။

အစွန်းရောက် ဘင်္ဂလီများ၏ အကြမ်းဖက်မှုကြောင့် ဘင်္ဂလီကျေးရွာ အုပ်ချုပ်ရေးမှူး ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ဒိုင်းနက်လူမျိုး ၂၀ ဦး ပျောက်ဆုံးနေကြောင်း၊ အိမ်ခြေ ၄၂ လုံး၊ ဈေးဆိုင်ခန်း ၁၃ ခုနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း မီးရှို့ခံခဲ့ရကြောင်း၊ ဟိန္ဒူဘာသာဝင် ၆ ဦး သေဆုံးခဲ့ကြောင်း၊ ကင်းစခန်းပေါင်း ၃၀ ခု တိုက်ခိုက်ခံခဲ့ရကြောင်း၊ တပ်မတော်သား ၁ ဦး၊ ရဲတပ်သား ၁၀ ဦးနှင့် ဒုလဝကမှူး ၁ ဦး သေဆုံးခဲ့ကြောင်း၊ တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် လက်နက် ၆ ခု ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

August 28, 2017














Copy Protected by Chetan's WP-Copyprotect.