ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ အခွန် ကျပ် ၁၅၃၃ ဘီလျံကျော်ကောက်ခံထားပြီး ဝင်ငွေခွန် ကျပ် ဘီလျံ ၅၈၀ ကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၃၈ ဘီလျံကျော် ရရှိ

ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ အခွန် ကျပ် ၁၅၃၃ ဘီလျံကျော်ကောက်ခံထားပြီး ဝင်ငွေခွန် ကျပ် ဘီလျံ ၅၈၀ ကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၃၈ ဘီလျံကျော် ရရှိ
Published 19 August 2018

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ အခွန် အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ကျပ် ၁၅၃၃ ဒသမ ၁၄၈ ဘီလျံဖြစ်သဖြင့် လျာထားချက်၏ ၇၃ ရာခိုင်နှုန်း အကောင်အ ထည်ဖော်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေ ဖြင့် ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ကာလအတွင်း အခွန် ကျပ် ၂၁၀၀ ဘီလျံဝန်းကျင် ကောက်ခံရန် မျှော်မှန်ထားခြင်းဖြစ်ပြီး ယခုဇူလိုင်လကုန်အထိ ကျပ် ၁၅၃၃ ဘီလျံကျော် ကောက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၂၈၇ ဒသမ ၇၆၆ ဘီလျံ၊ သမဝါယမကဏ္ဍ မှ ကျပ် ၀ ဒသမ ၃၉၈ ဘီလျံနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကျပ် ၁၂၄၄ ဒသမ ၉၈၄ ဘီလျံပါ ဝင်ခဲ့သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ အခွန်တစ်မျိုးချင်း ကောက်ခံရရှိမှုအခြေအနေမှာ ဝင်ငွေခွန် ကျပ် ၅၈၀ ဒသမ ၈၁၃ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၃၈ ဒသမ ၅၈၃ ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၃၂၆  ဒသမ ၆၁၈ ဘီလျံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၁၈ ဒသမ ၂၄၆ ဘီလျံ၊ အောင်ဘာလေသိန်း ဆုခွန် ၃၂ ဒသမ ၈၈၈ ဘီလျံတို့ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ကြားကာလအတွင်း အခွန်အရပ်ရပ်စုစုပေါင်း ကျပ် ၂၇၉၁ ဘီလျံကောက်ခံရန် လျာထား ပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံသည့် ဝင်ငွေခွန် ကျပ် ၈၆၃ ဘီလျံ၊ ကုန် သွယ်လုပ်ငန်းခွန် ကျပ် ၆၉၂ ဘီလျံ၊ အထူး ကုန်စည်ခွန် ကျပ် ၄၃၁ ဘီၤလျံ၊ တံဆိပ်ခေါင်း ခွန် ၂၇ ဒသမ ၉၈ ဘီလျံ၊ အောင်ဘာလေ သိန်းဆုခွန် ကျပ် ၄၀ ဘီလျံအထိရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၂ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ကျပ် ၄၄၅၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၄ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၅၄၆ ဘီ လျံ (ပြုပြင်ပြီးခန့်မှန်းခြေ) ဖြစ်ပြီး ခြောက် လတာကြားကာလဖြစ်သော ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာကြားကာလ တွင် ကျပ် ၂၇၉၁ ဘီလျံကောက်ခံရန် ခန့် မှန်းထားသည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုး မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၁ ရာခိုင်နှုန်း (မူလခန့် မှန်းခြေ)၊ ၂၀၁၈ ဧပြီ -စက်တင်ဘာ ကြား ကာလတွင်  ၈ ဒသမ ၄၉ ရာခိုင်နှုန်း (မူလ ခန့်မှန်းခြေ) ဖြစ်သည်။

မြန်မာနိုင်ငံ၏အခွန်ကောက်ခံရရှိမှု သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ လေး  နှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ပြန်ကျကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်မြင့် တက်ခဲ့သည်။ ထိုသို့အခွန်ကောက်ခံမှုမြင့် တက်လာသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီ အချိုးသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ ၍ နှစ်စဉ်ကျဆင်းလျက်ရှိသည်။

Most Read

Most Recent