အပြောင်းအရွှေ့သတင်းတိုများ

အပြောင်းအရွှေ့သတင်းတိုများ
Published 18 August 2018

Photo: AFP

■ ရီးယဲလ်မက်ဒရစ်အသင်းသည် PSG အသင်း၏ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၇၀)ဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း စပိန်သတင်းစာများက ဖော်ပြခဲ့သည်။

■ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကွင်းလယ်လူ ဒီဘရိုင်းနားအား ဒဏ်ရာပြဿနာကြောင့် (၃)လခန့် ဆုံးရှုံးရမည်ဖြစ်သော်လည်း ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲခဲ့သည့် ဝါရင့်ကွင်းလယ်လူ မာခီစီယိုကို ခေါ်ယူအစားထိုးမည်ဆိုသည့် သတင်းများကို ငြင်းဆန်သွားခဲ့သည်။

■ စပါးအသင်းသည် အသင်းတွင် ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်နေရသည့် နယ်သာလန်တိုက်စစ်မှူး ဗင်းဆင့်ယန်ဆန်အား ယခုနွေရာသီတွင် ရောင်းချသွားရန် စီစဉ်နေကြောင်း သိရသည်။

■ ဗလင်စီယာအသင်း၏ အီတလီတိုက်စစ်မှူး ဇာဇာသည် တိုရီနိုအသင်းသို့ လာမည့်ရာသီတွင် အပြီးသတ်ဝယ်ယူခွင့်ပါသည့် တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။

■ အာဆင်နယ်အသင်း၏ ဂိုးသမားတစ်ဦးဖြစ်သူ အော့စ်ပင်နာသည် စီးရီးအေကလပ် နာပိုလီအသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။

■ လီဗာပူးလ်အသင်း၏ အက်စ်တိုးနီးယားနောက်ခံလူ ကလာဗန်သည် စီးရီးအေကလပ် ကာဂလီယာရီအသင်းသို့ ယူရို(၂)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent