အာဆင်နယ်ကစားသမားဟောင်း ဂျာဗင်ဟို ပါးမားအသင်းသို့ ပြောင်းရွှေ့

အာဆင်နယ်ကစားသမားဟောင်း ဂျာဗင်ဟို ပါးမားအသင်းသို့ ပြောင်းရွှေ့
Published 18 August 2018

အာဆင်နယ်အသင်း၏ကစားသမားဟောင်းတစ်ဦးဖြစ်သူ အိုင်ဗရီကို့စ်လက်ရွေးစင်တောင်ပံကစားသမား ဂျာဗင်ဟိုသည်
တရုတ်စူပါလိဂ်ကလပ် ဟီဘိုင်းချိုင်းနားဖော်ကျွန်းအသင်းမှ ထွက်ခွာလာခဲ့ပြီးနောက် ယခုနှစ်စီးရီးအေတန်းတက် ပါးမား
အသင်းသို့ (၃)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အသက် (၃၁)နှစ်အရွယ်ရှိ ဂျာဗင်ဟိုသည် အာဆင်နယ်အသင်းတွင် ၂၀၁၁ခုနှစ်မှ ၂၀၁၃ခုနှစ်အထိကစားခဲ့သူဖြစ်ပြီး
ပြိုင်ပွဲစုံ (၆၃)ပွဲတွင် (၁၁)ဂိုးသွင်းယူပေးခဲ့သူဖြစ်သည်။

ယင်းနောက် ဂျာဗင်ဟိုသည် စီးရီးအေကလပ် ရိုးမားအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီၤး (၃)ရာသီအတွင်း (၈၈)ပွဲကစားကာ (၂၆)ဂိုးသွင်းယူခဲ့သည်။

ပါးမားအသင်းသည် ၂၀၁၅ ခုနှစ်တွင် စီးရီးဒီသို့ တန်းဆင်းခဲ့ရသော်လည်း (၃)ရာသီဆက်တန်းပြန်တက်နိုင်ခဲ့ကာ ယခုနှစ်
တွင် စီးရီးအေသို့ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent