ဒဏ်ရာပြဿနာကြောင့် ဒီဘရိုင်းနား (၃)လအထိ အနားယူရမည်

ဒဏ်ရာပြဿနာကြောင့် ဒီဘရိုင်းနား (၃)လအထိ အနားယူရမည်
Published 18 August 2018

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းနားသည် ဒဏ်ရာပြဿနာကြောင့် (၃)လအထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ဒီဘရိုင်းနားသည် လေ့ကျင့်ရေးအစီအစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သော်လည်း ခွဲစိတ်ကုသရန် မလိုအပ်ကြောင်းသိရသည်။

သို့သော် ဒီဘရိုင်းနားသည်၂၀၁၆ ခုနှစ်အတွင်း လိဂ်ဖလား ဆီမီးဖိုင်နယ်အဖြစ် ကစားခဲ့သည့် အဲဗာတန်- မန်စီးတီးပွဲတွင်လည်း ၎င်းကဲ့သို့ ထပ်တူညီသည့် ဒဏ်ရာကို ရရှိခဲ့ဖူးသည်။

ဒီဘရိုင်းနားသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၄၂)ပွဲကစားကာ (၃၅)ဂိုး သွင်းယူနိုင်ခဲ့သူလည်း ဖြစ်သည်။

Most Read

Most Recent