(၂၅)နှစ်ကြာကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် မာခီစီယို နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်း

(၂၅)နှစ်ကြာကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် မာခီစီယို နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်း
Published 18 August 2018

ဂျူဗင်တပ်စ်အသင်း၏ဝါရင့်ကွင်းလယ်လူ မာခီစီယိုသည် မွေးရပ်မြေကလပ်တွင် (၂၅)နှစ်ကြာကစားခဲ့ပြီးနောက် အသင်းနှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

အသက် (၃၂)နှစ်ရှိ အီတလီကွင်းလယ်လူ မာခီစီယိုသည် ဂျူဗင်တပ်စ်အသင်းသို့ အသက်(၇)နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၀ ခုနှစ်မှ သက်တမ်း
ကုန်ဆုံးမည်ဖြစ်သော်လည်း ဆွေးနွေးမှုများပြုလုပ်ကာ နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

မာခီစီယိုသည် ၂၀၁၆ ခုနှစ်၊ ဧပြီလက ဘူလ်ဂေးရီးယားအသင်းနှင့်ကစားခဲ့သည့် ယူရိုခြေစစ်ပွဲစဉ်တွင် ပြင်းထန်သည့် ဒူးဒဏ်ရာရရှိခဲ့ပြီး (၆)လခန့်အနားယူခဲ့ရကာ ယင်းနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်ရရှိ
ရန်ရုန်းကန်ခဲ့ရသူဖြစ်သည်။

မာခီစီယိုနှင့်စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းက မိမိတို့အနေဖြင့် မာခီစီယိုကို အမြဲထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ အသင်းဝတ်စုံကို အဖြူနှင့်
အနက်ရောင် ပြောင်းလဲချိန်မှစပြီး(၂၅)နှစ်ကြာ ပါဝင်ကစားပေးခဲ့သူဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ရေးသားဂုဏ်ပြုခဲ့သည်။

မာခီစီယိုကလည်း ဂျူဗင်တပ်စ်လူငယ်ကစားသမားဘဝနှင့်ပတ်သက်ပြီး '' အဲဒီတုန်းက ရိုက်ထားတဲ့ဓါတ်ပုံကို ကျွန်တော် နေ့တိုင်းမကြည့်ဘဲ မနေနိုင်ပါဘူး။ ဒါဟာ ကျွန်တော့်ဘဝရဲ့သမိုင်းကြောင်း
ပါပဲ။ ဒီအင်္ကျၤ ီကို ကျွန်တော် ချစ်မြတ်နိုးရတဲ့အကြောင်းအရင်းကလည်း အဲဒီအချက်ကြောင့်ပါပဲ။ ပထမဆုံးအနေနဲ့ အသင်းကောင်းတစ်သင်းကို ကျွန်တော်ရောက်လာခဲ့တယ်။ ကစားသမားဘဝ
တစ်လျှောက်လုံးလည်း အဲဒီလိုယုံကြည်ထားပါတယ်'' ဟုပြောကြားခဲ့သည်။

မာခီစီယိုသည် ဂျူဗင်တပ်စ်အသင်းအတွက် (၃၈၉)ပွဲပါဝင်ကစားပေးခဲ့ပြီး (၃၇)ဂိုးသွင်းယူနိုင်ခဲ့ကာ အသင်းနှင့်အတူ စီးရီးအေချန်ပီယံဆု (၇)ကြိမ်၊ ကိုပါအီတာလီယာဖလား (၄)ကြိမ် ရရှိခဲ့သည်။

ယူရို ၂၀၁၂ ပြိုင်ပွဲတွင် အီတလီအသင်းနှင့်အတူ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော မာခီစီယိုသည် လက်ရွေးစင်အသင်းအတွက် (၅၅)ပွဲ ပါဝင်ကစားခဲ့ပြီး (၅)ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent