ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၆ ပွိုင့်အထက် ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၁၀-၁၅၃၀ ကြား အတက်အကျဖြစ်နေ

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၆ ပွိုင့်အထက် ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၁၀-၁၅၃၀ ကြား အတက်အကျဖြစ်နေ
Published 18 August 2018

သြဂုတ် ၁၇ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၆ ပွိုင့်အထက် ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၁၀-၁၅၃၀ ကြား အတက်အကျဖြစ်နေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်၊ သြဂုတ် ၁၄ ရက်တွင် ၁၄၈၈ ကျပ်၊ သြဂုတ် ၁၅ ရက်တွင် ၁၅၂၇ ကျပ်၊ သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၆၀ အထိ စံချိန်တင်ဆက်လက်မြင့်တက်ခဲ့ကာ သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၃၀၊ သြဂုတ် ၁၇ ရက်တွင် ကျပ် ၁၅၁၀ အထိပြန်ကျခဲ့သည်။

၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် သြဂုတ် ၁၆ ရက်တွင်ဖြစ်ပေါ်သော တစ်ဒေါ်လာ ကျပ် ၁၅၆၀ နှင့်နှိုင်းယှဉ်ပါက နှစ်လကျော်အတွင်း ၂၁၄ ကျပ်၊ ၁၆ ရာခိုင်နှုန်းခန့်အထိ ကျပ်ငွေ တန်ဖိုးကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက်အများဆုံး ဖြစ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၁၇ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေ ကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၇၀၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၆၆ ကျပ်၊ ထိုင်းဘတ် ၄၆ ဒသမ ၅၀ ကျပ်၊ တရုတ်ယွမ် ၂၁၇  ကျပ်၊ ဂျပန် ယန်း ၁၃ ဒသမ ၆၀ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၄၀ ကျပ် ဖြစ်သည်။

 

Most Read

Most Recent