၂၀၁၇-၁၈ ဘောလုံးရာသီ အကောင်းဆုံးဂိုးဆုအတွက် ဆန်ခါတင် (၁၁) ဂိုးစာရင်းကို UEFA ထုတ်ပြန်

၂၀၁၇-၁၈ ဘောလုံးရာသီ အကောင်းဆုံးဂိုးဆုအတွက် ဆန်ခါတင် (၁၁) ဂိုးစာရင်းကို UEFA ထုတ်ပြန်
Published 15 August 2018

Photo: AFP/Getty Images

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)သည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီ အကောင်းဆုံးဂိုးဆုအတွက် ဆန်ခါတင် သွင်းဂိုး (၁၁) ဂိုးစာရင်းကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ယခုဆန်ခါတင်စာရင်းတွင် နှစ်တစ်နှစ်အတွင်း UEFA မှ ကမကထပြုလုပ်ကျင်းပသော အမျိုးသား/ အမျိုးသမီး နိုင်ငံနှင့် ကလပ်အသင်းပြိုင်ပွဲအားလုံးမှ သွင်းဂိုးအားလုံးအကျုံးဝင်ပြီး လူကြီးနှင့် လူငယ်သွင်းဂိုး အားလုံးပါဝင်ကြောင်း သိရသည်။

ထို့အပြင် UEFA လက်အောက်တွင် ကျင်းပခဲ့သည့် နိုင်ငံနှင့် ကလပ်အသင်းဖူဆယ်ပြိုင်ပွဲများမှ သွင်းဂိုးများလည်းပါဝင်ကြောင်းသိရသည်။

ပြီးခဲ့သည့်ရာသီက အကောင်းဆုံးဂိုးဆုအတွက် ပရိသတ်များအနေဖြင့် uefa.com တွင် လာမည့် သြဂုတ်လ (၂၇)ရက်နေ့တွင် နောက်ဆုံးထားမဲပေးနိုင်ကြောင်းနှင့် အကောင်းဆုံးဂိုးအဖြစ်ရွေးချယ်ခံရသူအား ယင်းနေ့နောက်ကျပိုင်းတွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။

Photo: AFP/Getty Images

UEFA ၏အကောင်းဆုံးသွင်းဂိုးဆုကို ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ဘိုင်ယန်မြူးနစ်အသင်းဘက်သို့ သွင်းယူသည့်ဂိုးဖြင့် လည်းကောင်း၊ ၂၀၁၅-၁၆
ဘောလုံးရာသီတွင် မက်ဆီက ရိုးမားအသင်းဘက်သို့ သွင်းယူသည့် ဂိုးဖြင့်လည်းကောင်း၊ ၂၀၁၆-၁၇ ဘောလုံးရာသီတွင် ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းဘက်သို့ သွင်းယူခဲ့သည့် ဂိုးဖြင့်လည်းကောင်း အသီးသီးရရှိထားသည်။

UEFA ၏ ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် အကောင်းဆုံးဂိုးဆု ဆန်ခါတင်စာရင်းတွင်  ပြီးခဲ့သည့်ရာသီချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှ ဂျူဗင်တပ်စ်အသင်းဘက်သို့ နောက်ပြန်ကန်ချက်ဖြင့် သွင်းယူခဲ့သော ရီးယဲလ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို(ယခု ဂျူဗင်တပ်စ်)၏ဂိုး ပါဝင်ခဲ့ပြီး၊ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်၊ မာဆေးလ်ကွင်းလယ်လူ ပါယက် စသည့် နာမည်ကြီးကစားသမားများ၏ သွင်းဂိုးများလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။

Photo: AFP/Getty Images

၂၀၁၇-၁၈ ဘောလုံးရာသီအတွက် UEFA ၏ အကောင်းဆုံးဂိုးဆုအတွက် ဆန်ခါတင်စာရင်း
---------------
(၁) လူစီဘရုန်းဇ် (လိုင်ယွန် ၁-၀ မန်စီးတီး)
UEFA အမျိုးသမီးချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

(၂) အိုလ်ဂါကာမိုနာ (ဆွစ်ဇာလန် ဝ-၂ စပိန်)
UEFA ဥရောပ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် အုပ်စုအဆင့်

(၃) အမ်ဘလီတန် (တူရကီ ၂-၃ အင်္ဂလန်)
UEFA ဥရောပ ယူ-၁၉ ချန်ပီယံရှစ် အုပ်စုအဆင့်

(၄) အဲရစ်ဆင် (အိုင်ယာလန် ၁-၅ ဒိန်းမတ်)
၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန် Play-off

(၅) ပေါ်လိုအက်စထရီလာ (ပေါ်တို ၅-၁ ဘက်ဆစ်တက်)
UEFA Youth League အုပ်စုအဆင့်

(၆) နာဗာရို ( ဂျာမနီ ဝ-၂ စပိန်)
UEFA ဥရောပယူ-၁၇ အမျိုးသမီးချန်ပီယံရှစ် ဗိုလ်လုပွဲ

(၇) ပါယက် (မာဆေးလ် ၅-၂ လိုက်ပ်ဇစ်)
ယူရိုပါလိဂ် ကွာတားဖိုင်နယ်

(၈) ဂွန်ကာလိုရာမို့စ် (ဆလိုဗေးနီးယား ဝ-၄ ပေါ်တူဂီ)
UEFA ယူ-၁၇ ချန်ပီယံရှစ် အုပ်စုအဆင့်

(၉) ရီကာဒင်ဟို (ပေါ်တူဂီ ၄-၁ ရိုမေးနီးယား)
UEFA ယူရိုဖူဆယ် အုပ်စုအဆင့်

(၁၀) စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ် ဝ-၃ ရီးယဲလ်မက်ဒရစ်)
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်

(၁၁)အယ်လီဆန်ဒရို (စပို့တင်းလစ္စဘွန်း ၂-၅ အင်တာမီလန်)
UEFA ဖူဆယ်ဖလား ဗိုလ်လုပွဲ

Most Read

Most Recent