မီးလောင်မှုကြောင့် ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာန၌ လျှပ်စစ်ဝိုင်ယာကြိုးများ ပြန်လည်ပြင်ဆင်ရန်အတွက် ပြင်ပလူနာဌာနနှင့် ဓာတ်အပ်စိုက်ကုသမှု ခေတ္တပိတ်ထား

မီးလောင်မှုကြောင့် ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာန၌ လျှပ်စစ်ဝိုင်ယာကြိုးများ ပြန်လည်ပြင်ဆင်ရန်အတွက် ပြင်ပလူနာဌာနနှင့် ဓာတ်အပ်စိုက်ကုသမှု ခေတ္တပိတ်ထား
Published 15 August 2018

မီးလောင်ကျွမ်းမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာနတွင် လျှပ်စစ်ဝိုင်ယာ ကြိုးများပြန်လည်ပြင်ဆင်ရန် ပြင်ပလူနာဌာနနှင့် ဓာတ်အပ်စိုက် ကုသမှုများကို ခေတ္တပိတ်ထားကြောင်း  ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာနတွင် လျှပ်စစ်ဝိုင်ယာကြိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အ တွက် ပြင်ပလူနာဌာန(OPD) အား ခေတ္တပိတ်ထားပြီး ပြန်ဖွင့်မည့်ရက်အား သြဂုတ် ၁၅ ရက်တွင် လာရောက်စုံစမ်းရန်နှင့်  ဓာတ်အပ်စိုက်ကုသမှုများကိုမူ ခေတ္တရပ်နားထားရာ ပြန်လည်ကုသပေးမည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ကင်ဆာဆေးသွင်းလက်စ လူနာများအား ဓာတ်ရောင်ခြည်ဆေးကုဌာနနောက် ဘက်ခြမ်းရှိ ငါးထပ်ဆောင်တွင် ဆေးဆက် လက်သွင်းပေးလျက်ရှိကြောင်းနှင့် လက်ရှိ ဓာတ်ရောင်ခြည်ကုသမှုခံယူနေသော လူနာများ သြဂုတ် ၁၆ ရက်တွင်လည်းကောင်း၊ ကျန်ရှိသောလူနာများ (သွေးအဖြေ၊ Follow up၊ ဓာတ်ရောင်ခြည် စသည့်လူနာများ၊ စုံစမ်းသူများ) သြဂုတ် ၂၀ ရက်၌ လာရောက်ပြသရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင် ခြည်ကင်ဆာဌာနက ထုတ်ပြန်ထားသည်။

အထူးကုပြင်ပလူနာဌာန၊ ကင်ဆာဆေးကုဌာန၊ အဏုမြူရောင်ခြည်ဆေးကု ပြင်ပလူနာဌာနနှင့် အခြားပြင်ပလူနာဌာနများအား သြဂုတ် ၁၅ ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည် ကြည့်ရှုကုသပေးမည်ဖြစ်ကြောင်းနှင့် ကင်ဆာပြင်ပလူနာဌာန မီးလောင်မှုကြောင့် ရွှေ့ပြောင်းပေးခဲ့သော ကင်ဆာအတွင်းလူနာများအား သက်ဆိုင်ရာလူနာဆောင်သို့ ပြန်လည်ရွှေ့ပြောင်းနေရာချထားပေးပြီး ကုသရေး လုပ်ငန်းများအား ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ညတုန်းကတော့ လူနာတွေကို ကင်ဆာပြင်ပလူနာဌာန၊ ပြင်ပလူနာဌာနနဲ့သူနာ ပြုများအဆောင်မှာခွဲပြီး နေရာချပေးခဲ့တယ်။ မီးလောင်နေတာကြောင့် နေရာပြောင်းတဲ့ သဘောပါ။ လူနာစုစုပေါင်း ၉၀ ကျော်ကို ပြောင်းရွှေ့ခဲ့တယ်။ ဒီနေ့ နံနက်ပိုင်းကစပြီး လူနာတွေကို သက်ဆိုင်ရာဌာနကို ပြန်နေရာ ချထားပြီးပါပြီ”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှ သူနာပြုအုပ်ကြီး ဦးစံကြည်က ပြောကြားသည်။

သြဂုတ် ၁၃ ရက် ညပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါပြင်ပလူနာဌာနတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ဆေးရုံကြီးဘက်မှ သတင်းထုတ်ပြန်ချက်  ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့မှ အစည်းအဝေးများ ပြုလုပ်ဆွေးနွေးပြီးပါက သတင်းဆက်လက် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာခင်သိင်္ဂီမြင့်က သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနတွင် လာရောက်ကုသသည့်ကင် ဆာလူနာဦးရေမှာ တစ်နှစ်လျှင် ပျမ်းမျှ ၃၀၀၀ နှင့် ၄၀၀၀ ကြားရှိကြောင်း၊ အမျိုးသမီးများတွင် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ စသည့်ကင်ဆာများအဖြစ်များပြီး အမျိုးသားများတွင် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ စသည့်ကင်ဆာရောဂါများ အဖြစ်များကြောင်းနှင့် ကင်ဆာရောဂါကြောင့် ဆေးရုံကြီးသို့ နှစ်စဉ်လာရောက်ပြသသော လူနာထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

 

Most Read

Most Recent