အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းပေါ်သို့ ကျော်လွန်တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား

အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းပေါ်သို့ ကျော်လွန်တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 14 August 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀ အနီးတွင် သြဂုတ် ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး လိုက်ပါမောင်းနှင်လာသော KLUGER ယာဉ် တစ်စီးမှာ အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းပေါ်သို့ ကျော်လွန်ရောက်ရှိ တိမ်းမှောက်ကာ တစ်စီးလုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါသူ အမျိုးသားနှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း KLUGER မော်တော်ယာဉ်မှာ ယာဉ်တစ်စီးလုံးမီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ရာ ကာလတန်ကြေး ကျပ်သိန်း ၃၂၀ ခန့်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ငြိမ်းသတ်ပေးခဲ့ရပြီး ယာဉ်မောင်းဖြစ်သူအား အမှုဖွင့် အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent