<

ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာနှင့် အိန္ဒိယနိုင်ငံမှ အခွန်တိုးမြှင့်မှုကြောင့် ကွမ်းသီးဈေးကွက် ထိခိုက်လာမည်ကို စိုးရိမ်နေ

ရေးမြို့နယ်အတွင်းမှ ထွက်ရှိသော ကွမ်းသီးများအား အခြောက်လှန်းရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မောင်မောင်ရွှေမြိုင်)

မွန်ပြည်နယ်တောင်ဘက်ရှိ  ကွမ်းသီးခြံ ဧက ငါးသောင်းကျော်ရှိပြီး တစ်နှစ်လျှင် ကွမ်းသီးပိဿာချိန် သိန်း ၄၅၀ ခန့် ထွက်ရှိရောင်းဝယ်နေသော ရေးမြို့နယ်မှ ကွမ်းသီးကုန်သည်များအနေဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာနှင့် အိန္ဒိယနိုင်ငံ၏ အခွန်တိုးမြှင့်မှုတို့ကြောင့် ကွမ်းသီးဈေးကွက် ထိခိုက်လာမည်ကို စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။

“လွန်ခဲ့တဲ့နှစ်ပတ်လောက်က မနှစ်ကထွက်တဲ့ ကွမ်းသီးအဟောင်းက တစ်ပိဿာ ခြောက်ထောင်လောက် ပေါက်တယ်။ ဒီနေ့ ၅၇၀၀ ဖြစ်သွားတယ်။ ရန်ကုန်ဒိုင်ကြီးတွေက ယူကိုမယူတော့ဘူး။ ထားဝယ်နဲ့ မြိတ်ကကုန် သည်တွေကလည်း ရောင်းချင်နေကြတယ်။ ရေးမြို့ကထွက်တဲ့ ကွမ်းသီးရဲ့ သုံးပုံတစ်ပုံက ဒီမှာစားကြတာ။ ကျန်တာက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ်ကိုသွားတယ်။ ဘင်္ဂလားဒေ့ရှ် လမ်းကြောင်းက နယ်စပ်ပြဿနာ သိတဲ့အတိုင်းပဲ။ ဘယ်သူမှ အသက်စွန့်ပြီး မသွားရဲ ဘူး။ အိန္ဒိယကလည်း အခွန် ရာခိုင်နှုန်း ၄၀ တိုးမယ်ဆိုတော့ မကိုက်ပြန်ဘူး။ တရုတ်က တစ်ခါတစ်လေမှ ၀ယ်တယ်ဆိုတော့ သူ့ကို ထည့်မတွက်ထားဘူး။ ရေးမြို့နယ်မှာလည်း ကွမ်းသီးအသစ်ထွက်နေကြပြီ။ ကွမ်းသီး အဟောင်းလည်း မရောင်းရ၊ ဘယ်အချိန်လမ်း ကြောင်းမှန်ရောက်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ အရောင်းဝယ်အေးပြီး မရှိ တော့ဘူးဆိုရင် ကွမ်းသီးသစ်ပေါက်ဈေး ၄၀၀၀ လောက်အထိ အဟောင်းဈေးကကျလာရင် တစ်ပိဿာ ကျပ် ၁၀၀၀ လောက်ရှုံးပြီး ဈေးကွက်ပျက်မယ်။ ကျွန်တော်အပါအ၀င် ကုန်သည်တွေက စိုးရိမ်နေကြပါပြီ” ဟု ရေးမြို့ နယ် ကွမ်းသီးကုန်သည် လုပ်သက် ၂၅ နှစ်ရှိ ဦးမောင်အေးက ပြောကြားသည်။

အိန္ဒိယနိုင်ငံနှင့် ပဲရောင်းဝယ်မှုကို ဆွေးနွေးနိုင်သော်လည်း အိန္ဒိယတွင် ကွမ်းသီးမှ ကော်ဖီ၊ လက်ဖက်ရည်၊ အအေးထုတ်လုပ်၍ လူထုကြိုက်နှစ်သက်သော်လည်း ဘေးထွက်ဆိုးကျိုးအတွက် အားမပေးသည့်သဘောရှိရာ ကွမ်းသီးခွန်အတွက် ဆွေးနွေးရန် မရှိနိုင်ကြောင်း ၎င်း၏ယူဆချက်ကို ဦးမောင်အေးက ဆိုသည်။

ရေးမြို့နယ်တွင် ကွမ်းသီးရာသီအစ (တော်သလင်းလ) တွင် ပထမသီးအနေနှင့် အလုံးသေးမှုကြောင့် ဈေးနှုန်းချို၍ သင်္ကြန်ကာလအကျော်တွင် ဈေးကောင်းတတ်ကြောင်း၊ ဒေသဓလေ့အရ ကွမ်းသီးဈေးကောင်းကို စောင့်၍ ရောင်းချမှုနည်းပြီး ကွမ်းသီးခြောက် ကို ငွေစုဘူးကဲ့သို့ သဘောထားသိမ်းဆည်းကာ အလှူအတန်း၊ ရှင်ပြု၊ မင်္ဂလာပွဲလမ်းသဘင်၊ ရွာဘုရားပွဲ၊ ဆေးကုသမှု စသည်တို့ကြောင့် ငွေအသုံးလိုသည့်အခါ ရောင်းချလေ့ရှိသည့်တွက် တစ်နှစ်ပတ်လုံး ရောင်းဝယ်မှုရှိကာ ကွမ်းသီးကုန်သည်၊ လုပ်သားများလည်း နှစ်ပေါက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်ကြောင်း သိရသည်။

ရေးမြို့နယ်တွင် အရှေ့၊ အနောက်ပိုင်း ရွာများဖြစ်သော ကျောင်းရွာတိုက်နယ်၊ ဒူးရား တိုက်နယ်ဒေသထွက် ကွမ်းသီးများသည် အလုံးကြီး၍ ပြည်တွင်းစားသုံးသူများ နှစ် သက်ကာ ကွမ်းသီးအခြောက် အလုံးတစ် သောင်းတွင် ပိဿာ ၆၀ မှ ၇၀ အထိရှိပြီး ရေး မြို့နယ်၏ အရှေ့၊ အနောက်ရွာများဖြစ်သော ကျောင်းရွာတိုက်နယ်၊ ဒူးရားတိုက်နယ်၊ ဒေသ ထွက် ကွမ်းသီးများသည် အလုံးကြီး၍ ပြည်တွင်းစားသုံးသူများ နှစ်သက်ကာ ကွမ်းသီး အခြောက်အလုံး တစ်သောင်းတွင် ပိဿာ ၆၀ မှ ၇၀ အထိရှိပြီး ရေးမြို့နယ် ခေါ်ဇာ၊ ဟန်ငံ၊ အာယုတောင်၊ ရင်းထိန်းရွာ ဒေသ ထွက်ကွမ်းသီးများမှာ အလုံးကျစ်၍ ပြည်ပ ကြိုက်နှစ်သက်ကာ အလုံးရေတစ်သောင်းတွင် ပိဿာ ၅၀ မှ ၅၅ အထိရှိကြောင်း သိရသည်။

August 28, 2017














Copy Protected by Chetan's WP-Copyprotect.