အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများအား အားပေးခြင်း၊ ထောက်ခံခြင်း၊ ပူးပေါင်းခြင်း မပြုကြရန် အသိပေး တိုက်တွန်း

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများအား အားပေးခြင်း၊ ထောက်ခံခြင်း၊ ပူးပေါင်းခြင်း မပြုကြရန် အသိပေး တိုက်တွန်း
Published 28 August 2017

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများအား အားပေးခြင်း၊ ထောက်ခံခြင်း၊ ပူးပေါင်းခြင်း မပြုကြရန် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သြဂုတ် ၂၇ ရက် ညနေပိုင်းက အသိပေး တိုက်တွန်းခဲ့သည်။

အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများအား အားပေးခြင်း၊ ထောက်ခံခြင်း၊ ပူးပေါင်းခြင်း မပြုကြပါရန် အသိပေး တိုက်တွန်းခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် မောင်တောဒေသအကြမ်းဖက်မှု ဖြစ်စဉ်၌ ပါဝင်သော အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA တို့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားပြီး ဖြစ်ပါသည်။

၂။ လက်ရှိအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဥပဒေနှင့်အညီ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အကာအကွယ်ပေးရန်၊ မောင်တောဒေသအတွင်း တည်ငြိမ်အေးချမ်းမှုအမြန်ဆုံး တည်ဆောက်နိုင်ရန် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် ကြိုးပမ်းလျက် ရှိပါသည်။ ဤသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများကိုသာ နှိမ်နင်းနိုင်ရေး ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှု မရှိသူများကို ဦးတည်ခြင်း မရှိပါ။

၃။ သို့ရာတွင် အကြမ်းဖက်သမားများကို ရှာဖွေ ဖော်ထုတ် ချေမှုန်းရာ၌ ကလေးသူငယ်များကို ရှေ့မှထား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုခြင်းများ၊ လူနည်းစု တိုင်းရင်းသားကျေးရွာများကို လူအုပ်စုဖြင့် ဝင်ရောက်၍ မီးရှို့ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ အကြမ်းဖက်မှုများတွင် ပါဝင်သော လူပုဂ္ဂိုလ်အားလုံးသည် အကြမ်းဖက်မှု မြောက်မည် ဖြစ်ပါသည်။

၄။ အစွန်းရောက်အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိသူ ဘင်္ဂလီများအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြရန် လိုအပ်ပါသည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်အရ ဆောင်ရွက်ရာတွင် တုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်ခြင်း၊ ရန်လိုခြင်းနှင့် ရန်ပြုခြင်းများ မပြုလုပ်ဘဲ အသာတကြည့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ သတ်မှတ်ထားသော ညမထွက်ရ နယ်မြေဒေသများတွင်လည်း သတ်မှတ်အချိန်များတွင် ပြင်ပသို့ သွားရောက်ခြင်းများ မပြုလုပ်ရန် အထူး အရေးကြီးပါသည်။

၅။ သို့ပါ၍ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ပတ်သက် ဆက်စပ်ခြင်း မရှိဘဲ အေးချမ်းစွာ နေထိုင်လိုသူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်း မရှိဘဲ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ပါဝင်ဆောင်ရွက်ကြပါရန် အသိပေး တိုက်တွန်းအပ်ပါသည်။

Most Read

Most Recent