သာကေတမြို့နယ်ရှိ ဟိုတယ်တစ်ခု၏ သုံးလွှာမှခုန်ချရန်ပြုလုပ်သည့် အမျိုးသားအား အမှုဖွင့်

သာကေတမြို့နယ်ရှိ ဟိုတယ်တစ်ခု၏ သုံးလွှာမှခုန်ချရန်ပြုလုပ်သည့် အမျိုးသားအား အမှုဖွင့်
Published 13 August 2018

သာကေတမြို့နယ်ရှိ  ဟိုတယ်တစ်ခု၏ သုံးလွှာမှ ခုန်ချရန်ပြုလုပ်သည့် အမျိုးသားကို သာကတေမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သြဂုတ် ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၁ ရက် နံနက် ၁၁ နာရီခွဲခန့်က သာကေတမြို့နယ် (၄/တောင်) ရပ်ကွက်  ရှုခင်းသာလမ်းရှိ ဟိုတယ်တစ်ခု၏ သုံးလွှာ၊ ပြတင်းပေါက်မှတစ်ဆင့် အမျိုးသားတစ်ဦး ဆူပူသောင်းကျန်းကာ အောက်သို့ ခုန်ချရန်ပြုလုပ်နေကြောင်း  သိရသဖြင့်  သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအမျိုးသားမှာ ပြတင်းပေါက်မှ ကျော်ပြီး အောက်ဘက်ရှိ လေကာ ပေါင်တန်းပေါ်တွင် မတ်တတ်ရပ်လျက် အောက်သို့ ခုန်ချရန်ပြုလုပ်နေသည်ကိုတွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တားဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့တားဆီးထိန်းသိမ်းပြီးနောက် စစ်ဆေးရာ အဆိုပါ ခုန်ချရန်ပြုလုပ်နေသည့် အမျိုးသားမှာ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်တွင် နေထိုင်သည့် ကို....(၂၉ နှစ်) ဆိုသူဖြစ် ပြီး ၎င်းသည် ဇနီးဖြစ်သူနှင့်အတူ အဆိုပါ ဟိုတယ်၌ တည်းခိုနေထိုင်နေစဉ် စကားများ ရန်ဖြစ်ခဲ့ပြီး မိမိကိုယ်ကိုယ်သတ်သေရန်ပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပေါ်ပေါက်ခဲ့သဖြင့် ပြတင်းပေါက်မှ ခုန်ချပြီး မိမိကိုယ်ကိုယ်သတ်သေ ရန်ပြုလုပ်သူ ကို...(၂၉ နှစ်) အား သာကေတ မြို့မရဲ စခန်းက (ပ)၆၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent