လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဒင်ဖြင့်ထုပြီး သေနတ်ပြောင်းဝနှင့် နောက်စေ့ကို ဆောင့်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဒင်ဖြင့်ထုပြီး သေနတ်ပြောင်းဝနှင့် နောက်စေ့ကို ဆောင့်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်
Published 12 August 2018

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဒင်ဖြင့်ထုပြီး သေနတ်ပြောင်းဝနှင့် နောက်စေ့ကို ဆောင့်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးနေကြောင်း သြဂုတ် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် သြဂုတ် ၁၁ ရက် တွင် Sandar Win Aung အကောင့်နာမည်ဖြင့် လူမှုကွန်ရက်အင်တာနက်စာမျက်နှာတွင် ယင်းနေ့ (သြဂုတ် ၁၁ ရက်) နံနက် ၂ နာရီခွဲ ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်းလမ်းထောင့်ရှိ ‘လမ်းဘေး’ထမင်းကြော်ဆိုင်၌ ကိုစည်သူနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ ထမင်းကြော်စားနေစဉ် အငှားယာဉ်တစ်စီးရောက်ရှိလာပြီး ၎င်းယာဉ်မောင်းဖြစ်သူက ကိုစည်သူ၏ ဇနီးအား ‘‘ဘာလို့ မှိုင်နေတာလဲ၊ အခုထိ လူမရသေးလို့လား၊ ဈေးဦးမပေါက်သေးဘူးလား’’ ဟု ပြောဆိုသဖြင့် ၎င်း ယာဉ်မောင်းနှင့် အဆိုပါဇနီးမောင်နှံတို့ စကားများ ရန်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အချင်းဖြစ်နေသူများအား ပန်းဘဲတန်း မြို့မရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆောင်လာစဉ် ရဲတပ်သားတစ်ဦးက ကိုစည်သူ၏ နားထင်အား သေနတ်ဒင်ဖြင့်ထုပြီး သေနတ်ပြောင်းဝနှင့် နောက်စေ့ကို ဆောင့်ခဲ့သဖြင့် ကိုစည်သူ၏ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်စဉ်တွင်ပါဝင်သူ တပ်ဖွဲ့ဝင်များအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။

သြဂုတ် ၁၁ ရက် နံနက် ၂ နာရီခွဲခန့်က ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ ထမင်းကြော်ဆိုင်တွင် ကိုစည်သူနှင့်ဇနီးဖြစ်သူတို့ ထမင်းစားနေစဉ် အငှားယာဉ်မောင်းတစ်ဦးမှ ကိုစည်သူ၏ဇနီးဖြစ်သူအား ‘‘ဘာ လို့ မှိုင်နေတာလဲ၊ အခုထိ လူမရသေးလို့လား၊ ဈေးဦးမပေါက်သေးဘူးလား’’ ဟုပြောဆိုရာ မှ စတင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အား  Sandar Win Aung အကောင့်ဖြင့် Live လွှင့်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်သည် လူမှုကွန်ရက်စာမျက်နှာအသုံးပြုသူများကြား ပျံ့နှံ့ခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်နေကြောင်း သြဂုတ် ၁၂ ရက်နံနက်ပိုင်းက ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent