Myanmar Idol Season 3 တွင် ချမ်းမြေ့မောင်ချို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်ဖြင့် Winner ဆု ဆွတ်ခူးရရှိ

Myanmar Idol Season 3 တွင် ချမ်းမြေ့မောင်ချို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်ဖြင့် Winner ဆု ဆွတ်ခူးရရှိ
Published 12 August 2018

Myanmar Idol Season 3 ပြိုင်ပွဲကို ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်း၌ သြဂုတ် ၁၁ ရက် ညပိုင်းကပြုလုပ်ခဲ့ရာ Grand Final သို့ တက်ရောက်ခဲ့သည့် ပြိုင်ပွဲဝင်နှစ်ဦးအနက် ကျန်းမာရေးအခြေအနေအရ ချမ်းမြေ့မောင် ချိုယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့်  ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်ဖြင့် Winner ဆုကို ဆွတ်ခူးရရှိခဲ့သည်။

Myanmar Idol Season3 ပြိုင်ပွဲ၏ Grand Final ပြိုင်ပွဲမတိုင်မီ ရက်အနည်းခန့်တွင် Grand Final သို့ တက်ရောက်နိုင်ခဲ့သည့် ချမ်းမြေ့မောင်ချိုနှင့် ဖြိုးမြတ်အောင် တို့နှစ်ဦးစလုံး နေထိုင်မကောင်းဖြစ်ခဲ့ပြီး ချမ်းမြေ့မောင်ချိုမှာ သုခကမ္ဘာဆေးရုံသို့ တက်ရောက်ကုသရသည်အထိ ကျန်းမာရေး အခြေအနေဆိုးရွားခဲ့ကာ ပြိုင်ပွဲနေ့တွင် လာရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့သော်လည်း ဆေးရုံမှတစ်ဆင့် ဆေးရုံကားဖြင့် လာရောက်ကာ တေးသီချင်းတစ်ပုဒ်ဖြင့် ပရိသတ်အား ဖျော်ဖြေခဲ့သည်။

“အခုလို Winner ဆုကို ဆွတ်ခူးရရှိတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်တွေ၊ အထူးသဖြင့် ကျွန်တော့်ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းက ပရိသတ်တွေကို တစ် ယောက်မကျန် ကျေးဇူးတင်ပါတယ်။ အခုလို  Winner ဆုနဲ့ နောက်ပိုင်း အနုပညာအလုပ်တွေ ဆက်လုပ်ကိုင်သွားပါမယ်”  ဟု Myanmar Idol Season 3 Winner ဆုရှင်  ဖြိုးမြတ်အောင်က ပြောကြားသည်။

Myanmar Idol Season 3 Grand Final ပြိုင်ပွဲတွင် ယခင်နှစ်ပြိုင်ပွဲများကဲ့သို့ပင် Top Ten Final List သို့ တက်ရောက် နိုင်ခဲ့သည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေမှုများ၊ ဒိုင်လူကြီးများ၏ ဖျော်ဖြေမှုများပါဝင်ခဲ့သည်။

Myanmar Idol Season 3 ပြိုင်ပွဲ၏  Winner ဆုအား ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်ဖြင့် Winner ဆု ဆွတ်ခူးရရှိခဲ့ပြီး Myanmar Idol ပြိုင်ပွဲတွင် Season 1 Winner  စော်လားထော်ဝါးနှင့်  Season 2 Winner သားငယ်တို့အပြီး တတိယမြောက် Winner ဆုရှင် ဖြစ်လာခဲ့ပြီဖြစ်သည်။

 

Most Read

Most Recent