<

အခွန်ကိစ္စအတွက် စီရော်နယ်လ်ဒို ပေးဆောင်ရသည့်ဒဏ်ကြေးအား ယူရိုနှစ်သန်းလျှော့ပေး

Photo: AFP

စပိန်အခွန်အာဏာပိုင်များသည် အခွန်ရှောင်တိမ်းမှုပြဿနာအတွက် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုပေးဆောင်ရမည့် ဒဏ်ကြေးပမာဏကို ယူရိုနှစ်သန်းလျှော့ပေးခဲ့ကြောင်း စပိန် နိုင်ငံထုတ် El Mundo သတင်းစာကဖော်ပြသည်။

စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်း၌ ကစားစဉ် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း ပုံရိပ်အသုံးပြုခ၀င်ငွေများအတွက် ယူရို ၁၅ သန်းနီးပါး အခွန်ပေးဆောင်ရန် ပျက်ကွက်မှုကြာင့် စွဲချက်တင်ခံခဲ့ရသည်။

အခွန်အာဏာပိုင်များနှင့် စီရော်နယ်လ်၏အကြံပေးအဖွဲ့သည် ဆိုင်းငံ့ထောင်ဒဏ်နှစ်နှစ်ကျခံရန်၊ အခွန်ရှောင်ခဲ့သည့်ပမာဏနှင့် ဒဏ်ကြေး အပါအ၀င် စုစုပေါင်း ယူရို (၁၈.၈) သန်း ပေးဆောင်ရန် ဇွန်လအတွင်း သဘောတူညီမှု ရရှိခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် ၂၀၁၄ ခုနှစ်အတွက် စာရင်းမှာ စီရော်နယ်လ်ဒို အမှန်တကယ်ပေးချေရမည့်ပမာဏထက် ယူရိုနှစ်သန်းပိုများနေသဖြင့် အခွန်အာဏာပိုင်များက ယင်းပမာဏအား လျှော့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း El Mundo သတင်းစာက ဖော်ပြခဲ့သည်။

သို့ဖြစ်ရာ စီရော်နယ်လ်ဒိုသည် ယူရို (၁၆.၇) သန်းသာ ပေးဆောင်ရတော့မည်ဖြစ်ပြီး လက်ရှိတွင် ယူရို (၁၃.၄) သန်းပေး ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်း၏အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်အပေါ် စွဲချက်တင်ထားသည့်အမှုများကိုလည်း ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

August 10, 2018














Copy Protected by Chetan's WP-Copyprotect.