ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် မြန်မာ့တပ်မတော် တပ်မ ၃၃ တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရ

ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် မြန်မာ့တပ်မတော် တပ်မ ၃၃ တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရ
Published 27 August 2017

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယူကမ်းဒေသ စေတီပြင်နယ်၊ ချွတ်ပြင်ကျေးရွာတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် မြန်မာ့တော်မတော် တပ်မ ၃၃ တို့ တိုက်ပွဲဖြစ်ပွား နေကြောင်း Eleven Media Group နယ်ခံသတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်။

ယနေ့ (သြဂုတ်လ ၂၇ရက်) မွန်းလွဲ ၃ နာရီမိနစ် ၃၀ ခန့်တွင် ဘင်္ဂါလီ အကြမ်းဖက်သမားများက ချွတ်ပြင် ရခိုင်တိုင်းရင်းသား ကျေးရွာအတွင်းသို့ သေနတ်ဖြင့် စတင်ပစ်ခတ်မှုကြောင့် ချွတ်ပြင်ကျေးရွာ အတွင်းရှိ တမ်မ ၃၃ မှ ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ချွတ်ပြင်ဘင်္ဂါလီကျေးရွာကို ၂၅ ရက်နေ့က သေနတ်တွေနဲ့ ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ဝင်လာတယ်လို့ သတင်းရထားတယ်။ သူတို့က စေတီပြင်ရခိုင်ကျေးရွာကို ဗုံးခွဲဖို့လာတယ်လို့ သတင်းရထားတယ်။ အဲဒီအချိန်မှာ စေတီပြင်မှာနေတဲ့ ဘင်္ဂါလီတွေက ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်သွားတဲ့အခါ သူတို့ရည်ရွယ်ချက်တွေ မအောင်မြင်ခဲ့တဲ့အတွက် ချွတ်ပြင်ကျေးရွာကို ပစ်ခတ်တာ ဖြစ်တယ်လို့ သိရတယ်” ဟု အဆိုပါ ကျေးရွာဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်တွင် တိုက်ပွဲပြင်းထန်လာပြီး ဘင်္ဂါလီအကြမ်းဖက်သမားများက ချွတ်ပြင်ဘင်္ဂါလီ ကျေးရွာအတွင်း နေအိမ်များကိုလည်း မီးရှို့ဖျက်စီးနေကြကြောင်း မျက်မြင်များ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်တွေက သေနတ်တွေနဲ့ပစ်ခတ်နေပြီး နေအိမ်တွေကို မီးရှို့နေတဲ့အတွက် မီးခိုးတွေ တလူလူထွက်လာတာကို မြင်နေရကြောင်းနှင့် လက်ရှိအချိန်ထိ ပစ်ခတ်မှုများ ရှိနေကြောင်း ချွတ်ပြင်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် ပုန်အောင်းနေရသူ ရွာခံတစ်ဦးနှင့် ဆက်သွယ်ပြောကြားချက်အရ သတင်းရရှိသည်။

“ချွတ်ပြင်ကျေးရွာက ဘင်္ဂါလီတွေက အစကတော့ အေးအေးလေး နေနေကြတယ်။ ၂၅ ရက်နေ့က အကြမ်းဖက်သမားတွေ ရောက်လာပြီးနောက် အခုလို ပစ်ခတ်မှုတွေ လုပ်လာတာပါ” ဟု ချွတ်ပြင် ကျေးရွာဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent