<

ARSA အကြမ်းဖက်သမားများ ၀င်ရောက်တိုက်ခိုက်နိုင်သည်ဆိုသော သတင်းကြောင့် သြဂုတ်မှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးတိုးမြှင့်

မောင်တောမြောက်ပိုင်း နယ်စပ်ခြံစည်းရိုးအနီးတွင် လုံခြုံရေးဆောင်ရွက်နေစဉ်

ARSA အကြမ်းဖက်သမားများ ၀င်ရောက်တိုက်ခိုက်နိုင်သည့် သတင်းများကြောင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့ကြီးအချို့အပါအ၀င် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း သြဂုတ်မှစ၍ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားကြောင်း သိရသည်။

“နယ်စပ်ဒေသမှာ ဖြစ်နေတဲ့ အခြေအနေလေးတွေ၊ သတင်းတွေကို စုပေါင်းသုံးသပ်တော့ သိတဲ့အတိုင်းပဲလေ။ တစ်နှစ်ပြည့်တဲ့ နှစ်ပတ်လည်အနေအထားတွေ ဖြစ်နေတယ်။ ဆိုတော့ လုံခြုံရေးသတိထားတဲ့ အနေအထားပါ။ အလွန်အမင်းစိုးရိမ်ရတဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ လုံခြုံရေးတိုး မြှင့်ပြီးလှည့်ကင်းတို့၊ ရပ်ကင်းတို့၊ စောင့်ကြည့် ကင်းတို့နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့ကြီးတွေမှာ ဆောင်ရွက်နေတာရှိပါတယ်” ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်အား ARSA အကြမ်းဖက်သမားများက လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ကင်းစခန်း ၃၀ ကို တစ်ချိန်တည်း တစ်ပြိုင်တည်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသားများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခြင်း၊ ကျေးရွာပေါင်းများစွာကို နေရပ်စွန့်ခွာထွက်ပြေးရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မောင်တောနှင့်ဘူးသီးတောင်မြို့များတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး ဒေသခံများ စိုးရိမ်မှုများရှိနေသည့် သတင်းများ ထွက်ပေါ်နေကြောင်းနှင့် လူမှုကွန်ရက်များတွင်လည်း ထိုသို့ပြန်လည်တိုက်ခိုက်မည်ဆိုသည့် သုံးသပ်ပြောဆိုမှုများကို တွေ့ရှိလာရသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

 

August 10, 2018














Copy Protected by Chetan's WP-Copyprotect.