<

SME များ အပေါင်ပစ္စည်းရှိပါက ကျပ်သိန်းသုံးထောင်နှင့် အပေါင်မဲ့များအနေဖြင့် ကျပ်သိန်းနှစ်ရာအထိ ချေးငွေရရှိနိုင်

အသေးစား၊ အလတ်စားလုပ်ငန်းရှင်များမှ အပေါင်ပစ္စည်းပါရှိပါက ကျပ်သိန်း ၃၀၀၀ အထိချေးငွေရရှိမည်ဖြစ်ပြီး အပေါင်မဲ့များအနေဖြင့် ကျပ်သိန်း ၂၀၀ အထိ ချေးငွေရရှိနိုင်ကြောင်း သိရသည်။

အဆိုပါကိစ္စအား သြဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အသေးစား၊ အလတ်စားချေးငွေကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

“အပေါင်ပစ္စည်းပါပြီး ချေးတာနဲ့အပေါင်ပစ္စည်းမပါဘဲချေးတာ နှစ်မျိုးပေါ့၊ အပေါင်ပစ္စည်းဆိုတာက တိုက်တို့၊ မြေတို့၊ လုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို တင်ပြပြီးချေးရင် အများဆုံးသိန်း ၃၀၀၀ အထိချေးတယ်။ ပိုင်ဆိုင်မှုမပြနိုင်ဘူး။ လုပ်ငန်းတွေကိုသွားစစ်တဲ့အချိန်မှာ အချက် ၁၄ ချက်နဲ့ညီညွတ်ရင် သိန်း ၂၀၀ အထိ ချေးတယ်။ ပုဂ္ဂလိကဘဏ်ကချေးရင် အတိုးက ၈ ဒသမ ၅ ရာခိုင်နှုန်း၊ အစိုးရချေးရင် အတိုးက ကိုးရာခိုင်နှုန်း၊ အသေးစား၊ အလတ်စားချေးငွေချေးတာက လုပ်ငန်း လုပ်စေချင်လို့ချေးတာလေ။ ကုန်ထုတ်လုပ်ငန်းတွေ အသေးစားအလတ်စားလုပ်ငန်းတွေကို ဖွံ့ဖြိုးစေချင်လို့ ချေးတာဖြစ်တယ်” ဟု ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

အချို့သော အသေးစား၊ အလတ်စား လုပ်ငန်းများ ချေးငွေရယူရာတွင် အလွဲသုံးစားလုပ်ကာ ချေးယူမှုများရှိနေကြောင်း သိရသည်။

August 10, 2018














Copy Protected by Chetan's WP-Copyprotect.