နွေရာသီအပြောင်းအရွှေ့တွင် ကစားသမားသစ်ခေါ်ယူခြင်းမရှိသည့် ပထမဆုံးပရီးမီးယားလိဂ်အသင်းအဖြစ် စပါး မှတ်တမ်းဝင်

နွေရာသီအပြောင်းအရွှေ့တွင် ကစားသမားသစ်ခေါ်ယူခြင်းမရှိသည့် ပထမဆုံးပရီးမီးယားလိဂ်အသင်းအဖြစ် စပါး မှတ်တမ်းဝင်
Published 10 August 2018

Photo: Reuters

စပါးအသင်းသည် ယခုနွေရာသီတွင် ကစားသမားသစ် ခေါ်ယူခဲ့ခြင်းမရှိသည့်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏သမိုင်းတွင် နွေရာသီအပြောင်းအရွှေ့ကာလ၌ ကစားသမားသစ်ခေါ်ယူခြင်းမရှိသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ခြင်းကို ၂၀ဝ၃ ခုနှစ်နွေရာသီတွင် စတင်ကျင့်သုံးခဲ့ပြီး (၁၅)နှစ်တာ ကာလအတွင်း ကစားသမားသစ်လုံးဝခေါ်ယူခြင်း မရှိသည့်အသင်း မရှိခဲ့ပေ။

ထို့ကြောင့် စပါးအသင်းကို ပရိသတ်များက ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရသည်။ ပရိသတ်တစ်ဦးက ''ကျွန်တော် မယုံနိုင်အောင်ဖြစ်မိပါတယ်။ ဒီလိုအနေအထားမှာ အသင်းဥက္ကဋ္ဌလီဗိုင်းကို ကျွန်တော် မထောက်ခံနိုင်ပါဘူး''ဟု ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးကလည်း ''ကွင်းသစ်ကြီး တည်ဆောက်ခဲ့တာကတော့ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ကစားသမားသစ် အားမဖြည့်တာကြောင့် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့တောင် မလွယ်တော့ပါဘူး''ဟု Twitter တွင် ရေးသားခဲ့သည်။

စပါးအသင်းနည်းပြ ပိုချက်တီနိုကမူ ကစားသမားသစ် မခေါ်ယူနိုင်ခဲ့သော်လည်း ပိုကောင်းသည့်အသင်းအဖြစ် မြင်တွေ့ရမည်ဟု ဆိုခဲ့သည်။ ''အသင်းရဲ့လူစာရင်းကို ကျေနပ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းတဲ့အသင်း ဖြစ်လာမယ်ဆိုတာ သံသယမရှိပါနဲ့''ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent