ပင်သစ်သမ္မတမက်ခရွန်က လွှတ်တော်အမတ်အရေအတွက်အား သုံးပုံတစ်ပုံ လျှော့ချမည်

ပင်သစ်သမ္မတမက်ခရွန်က လွှတ်တော်အမတ်အရေအတွက်အား သုံးပုံတစ်ပုံ လျှော့ချမည်
Published 6 July 2017

င်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် က ပြင်သစ်နိုင်ငံရေးတွင် ကြီးကျယ်သော ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် ဇူလိုင် ၃ ရက် တွင် ကတိပြုခဲ့ပြီး လွှတ်တော်အမတ် အရေအတွက်အား သုံးပုံတစ်ပုံ လျှော့ချမည်ဟု အဆိုပြုခဲ့သည်။ သို့သော် လွှတ်တော်အမတ်များက သဘောမတူလျှင် ဆန္ဒခံယူပွဲ ပြုလုပ်ပေးသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ပြင်သစ်ဘုရင်ဟောင်းများ စိုးစံရာဖြစ်ခဲ့သော ဗာဆေးနန်းတော်၌ အမျိုးသားလွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်ရှိ အမတ်များအား ပထမဆုံးအကြိမ် ပြောကြားခဲ့သော မိန့်ခွန်းတွင် မက်ခရွန်က ပြင်သစ်၏ အောင် နိုင်ရေး စိတ်ဓာတ်ကို ပြန်လည်ရယူနိုင်ရန် အလျင်အမြန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ ယခုအချိန်အထိ ၎င်းတို့သည် အမြဲလိုလို လမ်းကြောင်းမှားပေါ် ရှိနေခဲ့ကြောင်း နိုင်ငံရေး အသွင်ပြောင်းလဲမှု ဖော် ဆောင်မည်ဟု ကတိပြုခဲ့သည့် အသက် ၃၉ နှစ်ရှိ မက်ခရွန်က ပြောကြားခဲ့သည်။

Most Read

Most Recent