မောင်တောတောင်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသူ နှစ်ထောင်ခန့် နေထိုင်သည့် လေးမိုင်တွင် စားသောက်ရေး ခက်ခဲနေ

မောင်တောတောင်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသူ နှစ်ထောင်ခန့် နေထိုင်သည့် လေးမိုင်တွင် စားသောက်ရေး ခက်ခဲနေ
Published 27 August 2017

မောင်တောတောင်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသူ နှစ်ထောင်ခန့်  နေထိုင်သည့် လေးမိုင်တွင် စားသောက်ရေး ခက်ခဲမှု ဖြစ်နေကြောင်း မောင်တော သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ယင်းသို့နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသော ကျေးရွာသားများမှာ ခရေမြိုင်၊ ကံသာယာ၊ ကံပြင်သာစည်၊ ရွှေဗဟို၊ ခင်သန်းမြိုင် မြိုရွာ၊ ၄ မိုင် ရပ်ကွက် အထကတွင် တစ်စု နှင့် သစ်တောရွာ စာသင်ကျောင်းတွင် လူဦးရေ စုစုပေါင်း (၅၀၀) ကျော်  ခိုလှုံနေကြကြောင်းလည်း သိရသည်။

"ဘူးသီးတောင်၊ မောင်တောလမ်းမှ အရဲစွန့်ပြီး ရရာကားကို စီးပြီး ကား(၁၅) စီးခန့်ဖြင့် ထွက်ခွာခဲ့ရတာပေါ့။ လုံခြုံရဲများမှ စာသင်ကျောင်းသို့ မနေပေးနိုင်သည့်အတွက် စာသင်ကျောင်းမှ လူများအား ရဲတပ်ရင်းသို့ လာရောက် ခိုလှုံစေခဲ့ပါသည်။ ရဲတပ်ရင်းတွင် လူများမဆံ့သည့်အတွက် စာသင်ကျောင်းတွင် ပြန်လည်ခိုလှုံ စေခဲ့ပါသည်။ မနေ့က တိုက်ပွဲဖြစ်ခဲ့သည့် သုံးမိုင်စေတီရင်း ပရဟိတဘုန်းတော်ကြီး ယခင်လူ (၁၀၀) ကျော်ခန့်အပြင် သိဟိုလ်ကြီး မြိုတိုင်းရင်းသားရွာ တစ်ရွာလုံး ခိုလှုံလျက်ရှိပြီး တပ်မတော်မှလုံခြုံရေး ယူထားလျက် ရှိနေပါတယ်" ဟုလည်း သတင်းထောက် ကိုဝင်းမောင်မှ ပြောသည်။

ထို့အပြင် သုံးမိုင်မှ မောင်တောမြို့သို့ သွားရမည့်လမ်းတွင် မြို့သူကြီးကျေးရွာသည် ဖြတ်သန်းသွားလာရန် အဆင်မပြေ ဖြစ်နေကြောင်း၊ သို့ရာတွင် မောင်တောမှ မိသားစုအချို့နှင့် ငှာနဆိုင်ရာ ဝန်ထမ်းအချို့တို့သည် ကား(၅)စီးဖြင့် ဘူးသီးတောင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့စဉ်က မြို့သူကြီးရွာအား ဖြတ်သန်းသွားခဲ့စဉ်က ရွာတွင် လူတစ်ဦးတစ်ယောက်မျှ မရှိဘဲ တိတ်ဆိတ်နေကြောင်း သိရသည်။

 

Most Read

Most Recent