<

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပခုက္ကူဒေသခံတို့၏ ငြိမ်းချမ်းရေးစကားဝိုင်းအား ယနေ့ပြုလုပ်မည်

ပခုက္ကူမြို့နယ် အရှေ့ချောက်ကန် ကျေးရွာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပခုက္ကူဒေသခံရှစ်ဦးတို့၏ ငြိမ်းချမ်းရေး စကားဝိုင်းအား သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

“အခု ဆွေးနွေးစကားပြောခွင့်ရတဲ့အတွက် ၀မ်းသာမိပါတယ်။ ပြည်တွင်းစစ်ကြာရှည်မှု၊ တိုင်းပြည်စီးပွားရေးနောက်ကျမှုနဲ့ ကျွန်တော်တို့ တောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြသွားမှာပါ” ဟု တောင်သူတစ်ဦးအနေဖြင့် ဆွေးနွေး စကားပြောခွင့်ရရှိမည့် ကိုင်ကျေးရွာမှ ကိုသက်ခိုင်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပခုက္ကူမြို့သို့ သြဂုတ် မနက် ၉ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး ပခုက္ကူစက်မှုဇုန်တွင် ဒေသခံများနှင့် တွေ့ဆုံခြင်း၊ ထန်းသားဖြင့် ပရိဘောဂများ ပြုလုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပခုက္ကူမြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်းအပြီးတွင် ပုပ္ပားသို့ ထပ်မံသွားရောက်ဖြစ်ပြီး သြဂုတ် ၁၁ ရက်တွင် မန္တလေးမြို့သို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

August 8, 2018














Copy Protected by Chetan's WP-Copyprotect.