မြောက်ကိုရီးယားက အလက်စကာအထိ ရောက်ရှိနိုင်သော ပဲ့ထိန်းဒုံးကျည်အား စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားက အလက်စကာအထိ ရောက်ရှိနိုင်သော ပဲ့ထိန်းဒုံးကျည်အား စမ်းသပ်ပစ်လွှတ်
Published 6 July 2017

မြောက်ကိုရီးယားသည် ဇူလိုင် ၄ ရက်က ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ ထိုဒုံးကျည်သည် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်များအနက် အဝေးဆုံးသို့ပစ်နိုင်သည့် ဒုံးကျည်ဟု  ယူဆရပြီး ကျွမ်းကျင်သူတို့က ယင်းဒုံးကျည်သည် အလက်စကာ(မြောက်အမေရိက အနောက်မြောက်ပိုင်းတွင် တည်ရှိသည့် အရေိကန်ပြည်နယ်)အထိ ရောက်ရှိနိုင်သည်ဟု ပြောနေကြသည်။

မြောက်ကိုရီးယားအစိုးရက ၎င်းတို့သည် ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။ Hwasong-4 အမည်ရသည့် ထိုဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအား ခေါင်း ဆောင်ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ်ခဲ့သည်ဟု သိရသည်။ ရုရှားစစ်တပ်ကမူ ထိုဒုံးကျည်သည် တာလတ်ပစ်သာ ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ အမေရိကန်စစ်တပ်ကလည်း တာလတ်ပစ်ဒုံးဟု ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent