၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စီမံချက် ၁၅ ခုဖြင့် နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ယူရို ၁၀၃ သန်းကျော်၊ စင်ကာပူဒေါ်လာ ၃၄၆ သန်းကျော်၊ ဂျပန်ယန်း သန်းတစ်သိန်းကျော်အား စာချုပ်ချုပ်ဆိုခဲ့

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စီမံချက် ၁၅ ခုဖြင့် နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ယူရို ၁၀၃ သန်းကျော်၊ စင်ကာပူဒေါ်လာ ၃၄၆ သန်းကျော်၊ ဂျပန်ယန်း သန်းတစ်သိန်းကျော်အား စာချုပ်ချုပ်ဆိုခဲ့
Published 6 August 2018

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်တစ်ခုတွင် မိုးစပါး စိုက်ပျိုးနေသည့်မြင်ကွင်း (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စီမံချက် ၁၅ ခုဖြင့် နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၃၀၀ သန်း၊ ယူရို ၁၀၃ ဒသမ ၈၈၃ သန်း၊ စင်ကာပူဒေါ်လာ ၃၄၆ ဒသမ ၃၀၀ သန်း၊ ဂျပန်ယန်း ၁၂၇၈၂၇ ဒသမ ၀၀၀ သန်းအား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ချေးငွေပေးသည့် နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားမှုအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများနှင့် ပြည်ပချေးငွေ ရရှိရန် စာချုပ်ချုပ်ဆို ဆောင်ရွက်မှု အခြေအနေများ အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ခေတ်မီအဆင့်မြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မီးသတ်အထောက်အကူပြုယာဉ်များ၊ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အတွက် ပိုလန်နိုင်ငံမှ ယူရိုသန်း ၅၀ ဒသမ ၀၀၀၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေသွင်းစိုက်ပျိုးမှု ဧရိယာ အပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း AFD ထံမှ ယူရို ၂၅ ဒသမ ၀၀၀ သန်း၊ အရှေ့ပိုင်း ပြည်နယ်များ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် IFAD မှ စင်ကာပူဒေါ်လာ ၄၀ ဒသမ ၄၀၀ သန်း၊ စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် JICA ထံမှ ဂျပန်ယန်း ၃၀၄၆၉ ဒသမ ၀၀၀ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) တိုးတက်ကောင်းမွန်ရေးစီမံကိန်း KfW ထံမှ ယူရို ၅ ဒသမ ၀၀၀ သန်း၊ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း KEDCF ထံမှ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၃၀၀ သန်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် ၂ (အပိုင်း ၁)အတွက် JICA ထံမှ ဂျပန်ယန်း ၅၆၆၂၂ ဒ သမ ၀၀၀ သန်းချေးယူရန် စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံများ အလုံးစုံ ပြုပြင်မွမ်းမံရေး စီမံကိန်းအတွက် JICA ထံမှ ဂျပန်ယန်း ၁၀၇၈၇ ဒသမ ၀၀၀ သန်း၊ ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အား ရရှိရေး အစီအစဉ် ၂ (ဓာတ်အားစနစ်တိုးချဲ့ခြင်း) အတွက် KfW ထံမှ ယူရို ၂၃ ဒသမ ၈၈၃ သန်း၊  ကျန်းမာရေး အားကစားဝန်ကြီးဌာန မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ စီမံချက်အတွက် ADB ထံမှ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၀၀၀ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန Development Policy Operation (DPO) အတွက် IDA မှ စင်ကာပူဒေါ်လာ ၁၄၈ ဒသမ ၇၀၀ သန်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့်-၂) အတွက် JICA ထံမှ ဂျပန်ယန်း ၁၄၉၄၉ ဒသမ ၀၀၀၊ အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းအတွက် JICA  ထံမှ ဂျပန်ယန်း ၁၅၀၀၀ ဒသမ ၀၀၀ သန်း၊ မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် IDA မှ စင်ကာပူဒေါ်လာ ၇၁ ဒသ မ ၇၀၀ သန်း၊ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းအတွက် IDA မှ စင်ကာပူဒေါ်လာ ၈၅ ဒသမ ၅၀၀ သန်း ချေးယူရန် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာမှ ပေးအပ်သည့် ဖွံ့ဖြိုးမှု အကူအညီများကို အသုံးပြုရာတွင် ပြည်သူများ ထိရောက်စွာ အကျိုးရှိစေရေးအတွက် ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) အနေဖြင့် ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီများ ထိရောက်မှု ရှိစေရေးအတွက် ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ ပြီးပြည့်စုံသော မူဝါဒ လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒ (DAP) ထုတ်ပြန်ကာ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် မြန်မာပြည်သူ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (မူကြမ်း) နှင့် Myanmar Sustainable Development Plan (မူကြမ်း) ကို ရေးဆွဲလျက်ရှိကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent