ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၁ ဦးအား တစ်ရက်အတွင်း ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၁ ဦးအား တစ်ရက်အတွင်း ဖမ်းဆီးရမိ
Published 5 August 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မြို့ နယ်ငါးမြို့နယ်၌ သြဂုတ် ၃ ရက် တစ်ရက်အတွင်းတွင်ပင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ သူစုစုပေါင်း ၁၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းအနက် ဖြစ်စဉ်အချို့မှာ သြဂုတ် ၃ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် တောင် ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု (၄၃)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ မူးယစ်ဆေးဝါးသတင်းအရ တောင်ဥက္ကလာပမြို့နယ် (၁၂)ရပ်ကွက် မေတ္တာလမ်းမကြီးတွင် စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရထားသည့် YGN- - - - Hijet ယာဉ်အား တွေ့ရှိသဖြင့် တားဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် ယာဉ်နှင့် ယာဉ်ပေါ်ရှိ အမျိုး သားနှစ်ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်အတွင်းမှ Disposable Syring စာတန်းပါ ပလတ်စတစ်အတွင်း ထည့်လျက်  WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၊ အလေးချိန် လေးဂရမ်တို့အား ရှာဖွေတွေ့ ရှိ သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ဆေးချက်အရ ၎င်းတို့၏နေအိမ်ဖြစ်သော တောင်ဥက္က လာပမြို့နယ် (၁၃) ရပ်ကွက်ရှိ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းရှိ အိပ်ခန်း မီးခလုတ်တိုင်တွင် ချိတ်ဆွဲထားသည့် Harrier စာတန်းပါ အနက်ရောင်အနွေးထည် အင်္ကျီအိတ်ကပ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ ်ပတ်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂ ပြား၊ အ လေးချိန် ၁ ဒသမ ၂ ဂရမ်အား ထပ်မံရှာဖွေ တွေ့ရှိသိမ်းဆည်းရမိသဖြင့် ကျော်မျိုးထိုက် (၂၄ နှစ်) နှင့် အောင်ကျော်သူ (၂၇ နှစ်) တို့ အား တောင်ဥက္ကလာပမြို့မရဲစန်း မယ (ပ) ၄၀/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ အဆိုပါနေ့ ညနေ ၃နာရီခွဲတွင် ရန်ကင်းမြို့နယ် (၁၅) ရပ်ကွက် ရတနာ လမ်းမပေါ်တွင်ရဲတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေစဉ် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ မလင်းစန္ဒာမောင် (၃၉ နှစ်) အား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့်  ဘောင်းဘီရှည် ဝဲဘက်နောက် အိတ်ကပ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၉၄ ပြား၊ ကျပ် ၂၅၆၀၀ နှင့် Huawei လက်ကိုင်ဖုန်းတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent