မောင်တောမြို့တွင် ဘင်္ဂါလီတစ်ဦးထံမှ ကျပ်သိန်းပေါင်း ၃၀၀၀ နီးပါးတန်ဖိုးရှိ WY စိတ်ကြွ ဆေးပြား ၁၄၀၀၀၀ ကျော် ဖမ်းဆီးရမိ

မောင်တောမြို့တွင် ဘင်္ဂါလီတစ်ဦးထံမှ ကျပ်သိန်းပေါင်း ၃၀၀၀ နီးပါးတန်ဖိုးရှိ WY စိတ်ကြွ ဆေးပြား ၁၄၀၀၀၀ ကျော် ဖမ်းဆီးရမိ
Published 4 August 2018

မောင်တောမြို့တွင် ဘင်္ဂါလီတစ်ဦးထံမှ ကျပ်သိန်းပေါင်း ၃၀၀၀ နီးပါး တန်ဖိုးရှိ WY စိတ်ကြွ ဆေးပြား ၁၄၀၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂ ရက် ည ၁၀ နာရီ ခွဲတွင် မောင်တောမြို့မ ကညင်တန်းကျေးရွာအုပ်စု တောင်ရွာဗလီကြီး လမ်းကြားတွင် မောင်တောခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်း လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇော်ဦး၊ မြို့မရဲစခန်းမှူး ကျော်မျိုးထက် ဦးဆောင်အဖွဲ့၊ခရိုင်ရဲ (မူး/ကူ) မှ ဒုရဲအုပ် သိန်းမျိုးအောင်၊ သက်သေ မြို့မ ကညင်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဒူရာမာန်၊ ကျေးရွာတာဝန်ခံ ဂျာမာတို့နှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေကြစဉ် အထုပ်တစ်ထုပ် ထမ်းလျက် မသင်္ကာဖွယ် လမ်းလျှောက်လာသော လူတစ်ဦးအား သက်သေများနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးရာ ၎င်းမှာ အဏ္ဏဝါဆာဒတ် (၂၀ နှစ်)၊ မြို့မ ကညင်တန်းကျေးရွာနေသူဖြစ်ပြီး ၎င်း သယ်ဆောင်လာသော အဝါရောင် ဆာလာအိတ်ကို ဖွင့်ဖောက်စစ်ဆေးရာ မြင်းချေးရောင် စက္ကူဖြင့် ထည့်ထားသော မူးယစ်ဆေးဝါးဟု ယူဆရသည့် လေးထောင့်ပုံသဏ္ဌာန် အထုပ် ၁၅ ထုပ်အတွင်း အပြာရောင်ကပ်ခွာ အိတ်ငယ်များဖြင့် ထည့်ထားသည့် WY စာတန်း ရောရာပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၁၄၇၇၅၀ ပြား (အလေးချိန် ၁၄၇၇၅ ဂရမ်ခန့်)၊ တစ်ပြားလျှင် ကာလတန်ဖိုး ကျပ် ၂၀၀၀ နှုန်းဖြင့် စုစုပေါင်း တန်ဖိုးကျပ် ၂၉၅၅၀၀၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် တရားခံ အဏ္ဏဝါဆာဒတ်အား မောင်တောမြို့မရဲစခန်းတွင် မယ (ပ) ၂၃ /၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က )ဖြင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent