ကရင်ပြည်နယ်အတွင်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် တံတားခြောက်စင်းကို အချိန်မီ တည်ဆောက်နိုင်ဟု သိရ

ကရင်ပြည်နယ်အတွင်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် တံတားခြောက်စင်းကို အချိန်မီ တည်ဆောက်နိုင်ဟု သိရ
Published 3 August 2018

ဇူလိုင်၂၁ ရက်မှစ၍ ကရင်ပြည်နယ်အတွင်း ရေကြီးရေလွှမ်းမှု၊ တောင်ကျရေ စီးဆင်းမှုတို့ကြောင့် ရေတိုက်စားမှု ဖြစ်ပေါ်ပြီး ပျက်စီး မျောပါခဲ့ရသည့် တံတား ခြောက်စင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနက အချိန်မီ တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားများမှာ ထီလုံ-တာဘောင် -နဘူးကော့ကရိတ် လမ်းပိုင်း မိုင်တိုင်အမှတ် (၂၅/၄-၂၆/၂) ရှိ ပေ ၅၀ သစ်သားတံတား၊ ထီလုံ-တာဘောင်-နဘူး-ကော့ကရိတ်လမ်းရှိ မိုင်တိုင်အမှတ် (၃၄/ဝ) ရှိ ၁၀ ပေ အရှည် အုတ်ခုံတံတား၊ လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်း မိုင်တိုင်အမှတ် (၁၀/၆-၁၀/၇) ရှိ ၁၁၀ပေ RC တံတား၊ လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းရှိ တံတား၊ ချဉ်းကပ်လမ်းပေ 60 s/s ဘေလီတံတားနှင့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်း မိုင်တိုင်အမှတ် (၄၅/ဝ-၄၅/၁)ရှိ ပေ 60 DS ဘေလီတံတား တို့ဖြစ်ကြောင်း သိရသည်။

“ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ ပျက်စီးမျောပါ တံတားခြောက်စင်းကို အချိန်နဲ့တစ်ပြေးညီ တည်ဆောက်နိုင်ခဲ့သလို ထီလုံ-တာဘောင်-နဘူး-ကော့ကရိတ်လမ်းပေါ်မှာ ကျန်ရှိတဲ့ တံတားသုံးစင်း ပျက်စီးနေမှုကိုလည်း ဆက်လက် တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ကရင်ပြည်နယ် ဆောက်လုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent