စီးပွားရေး လုပ်ငန်းများအတွက် အခွန်လျှော့ချပေးပြီး အစိုးရအသုံးစရိတ် လျှော့ချမည့်အစီအစဉ်ကို ပြင်သစ်ကြေညာ

စီးပွားရေး လုပ်ငန်းများအတွက် အခွန်လျှော့ချပေးပြီး အစိုးရအသုံးစရိတ် လျှော့ချမည့်အစီအစဉ်ကို ပြင်သစ်ကြေညာ
Published 6 July 2017

ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ်ဖီးလစ်က ချေးငွေအပေါ် အစိုးရက မှီခိုနေရမှုကို အဆုံးသတ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးရန်အတွက် ရည်ရွယ်သည့် အခွန်လျှော့ချမည့် အစီအစဉ်များနှင့် အစိုးရအသုံးစရိတ် လျှော့ချမည့် အစီအစဉ်များကို ဇူလိုင် ၄ ရက်တွင် ကြေညာခဲ့သည်။

မေလနှင့် ဇွန်လက သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများပြီးနောက် ပါလီမန်တွင် ပထမဆုံးမူဝါဒ မိန့်ခွန်းပြောကြားခဲ့သော ဖီးလစ်က စွန့်ဦးတီထွင်မှုကို အားပေးသွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

Most Read

Most Recent