ကမ္ဘာ့ရွှေဈေး အကျဘက်ရောက်သော်လည်း ဒေါ်လာဈေးမြင့်မှုကြောင့် ပြည်တွင်းရွှေဈေးကျပ် ၉၄၉၅၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေး အကျဘက်ရောက်သော်လည်း ဒေါ်လာဈေးမြင့်မှုကြောင့် ပြည်တွင်းရွှေဈေးကျပ် ၉၄၉၅၀၀ ဝန်းကျင်ရှိနေ
Published 3 August 2018

ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၂ ရက်တွင် ၁၂၁၇ ဒေါ်လာဝန်းကျင်ဖြင့် အကျဘက် ရောက်သော်လည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၉၄၉၅၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကိုပြန်ကြည့်ပါက မေလအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၁၈၀၀ (မေ ၂၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၂၂ ၀၀ (မေ ၁ ရက်)၊ ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၄၁၀၀ (ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးသည် မေ ၂၃ ရက်တွင် ၁၂၉၁ ဒေါ်လာ၊ ဇွန် ၁၅ ရက်တွင် ၁၂၇၄ ဒေါ်လာ၊ ဇွန် ၃၀ ရက်တွင် ၁၂၅၂ ဒေါ်လာ၊ ဇူလိုင် ၃ ရက်တွင် ၁၂၃၇ ဒေါ်လာ၊ ဇူလိုင် ၁၈ ရက်တွင် ၁၂၁၉ ဒေါ်လာ၊ ဇူလိုင် ၁၉ ရက်တွင် ၁၂၁၁ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး သြဂုတ် ၂ ရက်တွင် ၁၂၁၇ ဒေါ်လာ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent