ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုကြောင့် လက်ရှိအချိန်ထိ ရေဘေးသင့်ပြည်သူ တစ်သိန်းသုံးသောင်းကျော်အထိရှိခဲ့ပြီး လူကိုးဦးသေဆုံး

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုကြောင့် လက်ရှိအချိန်ထိ ရေဘေးသင့်ပြည်သူ တစ်သိန်းသုံးသောင်းကျော်အထိရှိခဲ့ပြီး လူကိုးဦးသေဆုံး
Published 1 August 2018

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုမြင်ကွင်း (ဓာတ်ပုံ-ကိုလွင်ကိုကိုလတ်)

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုကြောင့် လက်ရှိအချိန်ထိ ရေဘေးသင့်ပြည်သူ တစ်သိန်းသုံး သောင်းကျော်အထိရှိခဲ့ပြီး လူကိုးဦးသေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင် ၃၁ ရက်အထိ ကရင်ပြည်နယ်အတွင်းရှိ ရေဘေးရှောင်စခန်း ၅၃ ခုတွင် အိထောင်စု ၄၇၃၁ စု၊ လူဦးရေ ၂၃၀၂၀ ဦး ယာယီရွှေ့ပြောင်းနေထိုင်နေကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စခန်း ခုနစ်ခုတွင် အိမ်ထောင်စု ၁၆၃ စု၊ လူဦးရေ ၈၃၀ ဦး ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ စခန်း ၅၀ တွင် အိမ်ထောင်စု ၃၃၆၆ စု၊ လူဦးရေ ၁၄၅၁၂ ဦး ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးရှောင်စခန်း ၁၈၆ ခုတွင် အိမ်ထောင်စု ၂၀၀၉၉ စု၊ လူဦး ရေ ၉၄၁၄၆ ဦး ရွှေ့ပြောင်းနေထိုင်လျက်ရှိပြီး မကွေးတိုင်းဒေသကြီးတွင် လတ်တလော ရေကြီးရေလျှံမှုမရှိသော်လည်း မြစ်၊ ချောင်းများနှင့်နီးသော ကျေးရွာများမှ အိမ်ထောင်စု ၁၂၂ စု၊ လူဦးရေ ၄၆၄ ဦးတို့သည် စခန်း သုံးခုတွင် ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် လူသေမှုများရှိခဲ့ပြီး ကရင်ပြည်နယ်တွင်တစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ဦး၊ မွန်ပြည်နယ်တွင် သုံးဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင်လေးဦး စုစုပေါင်း ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent