လာဇီယိုအသင်းတွင် ဆက်နေမည်ဟု ပရိသတ်များကို မီလင်ကိုဗစ် ပြောကြား

လာဇီယိုအသင်းတွင် ဆက်နေမည်ဟု ပရိသတ်များကို မီလင်ကိုဗစ် ပြောကြား
Published 1 August 2018

Photo: Getty Images

ရီးယဲလ်မက်ဒရစ်နှင့် မန်ယူအသင်းတို့၏ ပစ်မှတ် မီလင်ကိုဗစ်က လာဇီယိုအသင်းတွင် ဆက်ရှိနေမည်ဟု ပရိသတ်များကို ပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရာသီက လာဇီယိုအသင်းနှင့် အတူ တောက်ပလာသည့် ဆားဘီးယားကွင်းလူ မီလင်ကိုဗစ်အား ခေါ်ယူရန် မန်ယူ၊ ရီးယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြသည်။

သို့သော် လာဇီယိုအသင်းက မီလင်ကိုဗစ်အား ဈေးကွက်တင်ထားခြင်း မရှိကြောင်းနှင့် အနည်းဆုံး ယူရိုသန်း (၁၀၀)ရရှိမှသာ အသင်းမှ ထွက်ခွာခွင့်ပြုမည်ဟု ပြောဆိုထားသည်။

ဆားဘီယားအသင်းနှင့် အတူ ကမ္ဘာ့ဖလားဆင်နွှဲခဲ့သည့် မီလင်ကိုဗစ်သည် ဇူလိုင် (၃၀)ရက်က လာဇီယိုအသင်းသို့ ပြန်လည်ရောက်ရှိလာပြီး အသင်းနှင့်အတူ လေ့ကျင့်ရေးများပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

လာဇီယိုအသင်းတွင် ဆက်ရှိနေမည်လော ဟူသော ပရိသတ်များ၏ မေးမြန်းမှုကို မီလင်ကိုဗစ်က "ဟုတ်ပါတယ်။ ကျွန်တော် လာဇီယိုအသင်းမှ ရှိနေပါတယ်။ ကျွန်တော် ဒီမှာ(လာဇီယိုအသင်း)ရှိနေတာကို ခင်ဗျားတို့ မမြင်ဘူးလား"ဟု ပြန်လည်ပြောကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ မီလင်ကိုဗစ်သည် ၂၀၁၅ ခုနှစ်က ဘယ်လ်ဂျီယံကလပ် ဂန့်အသင်းမှ လာဇီယိုအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ(၄၈)ပွဲ (၁၄)ဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။

Most Read

Most Recent