ပဲခူးမြို့ ကလျာဏီရပ်ကွက် ရေဘေးကယ်ဆယ်ရေး စခန်းတွင် လူ ၂၁ ဦး အစာဆိပ်သင့်မှုဖြစ်ပွား

ပဲခူးမြို့ ကလျာဏီရပ်ကွက် ရေဘေးကယ်ဆယ်ရေး စခန်းတွင် လူ ၂၁ ဦး အစာဆိပ်သင့်မှုဖြစ်ပွား
Published 31 July 2018

အစာအဆိပ်သင့်သူအချို့အား ပဲခူးပြည်သူ့ဆေးရုံ၌ တွေ့ရစဉ်

ပဲခူးမြို့ ကလျာဏီ ရေဘေးကယ်ဆယ် ရေးစခန်းတွင် ဇူလိုင်၂၉ ရက် ညနေ ၅ နာရီ ခွဲခန့်က ကလေး ၁၅ ဦးနှင့် လူကြီးခြောက်ဦး စုစုပေါင်း ၂၁ ဦးမှာ အစာအဆိပ်သင့်၍ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“အစာအဆိပ်သင့်လို့ဆိုပြီး ဆေးရုံကို ကလေး ၁၅ ဦး၊ လူကြီး ခြောက်ဦး ရေဘေးကယ်ဆယ်ရေးစခန်းက ရောက်လာပါတယ်။ ဝမ်းလျှောတာလို့ သိရပါတယ်။ စိုးရိမ်စရာတော့ မရှိတော့ပါဘူး။ ဆရာဝန်ကြီးတွေ ကိုယ်တိုင် ဆေးကုသပေးနေပါတယ်”ဟု ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။

ပဲခူးမြို့တွင် ရေကြီးရေလျှံံမှုများကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၃၃ ခုဖွင့်ထားရပြီး လူဦးရေ ၂၇၂၉၄ ဦး ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေ၍ အိမ်ထောင်စု ၅၅၂၈ စု ရေဘေးဒုက္ခ ခံစားနေရကြောင်း သိရသည်။

 

Most Read

Most Recent