မောင်တောမြို့ပေါ်ရှိ ဟိန္ဒူကျေးရွာသားများ ရပ်ကွက်ထဲရှိ နေအိမ်များကို စွန့်ခွာထွက်ပြေး

မောင်တောမြို့ပေါ်ရှိ ဟိန္ဒူကျေးရွာသားများ ရပ်ကွက်ထဲရှိ နေအိမ်များကို စွန့်ခွာထွက်ပြေး
Published 26 August 2017

Photo: MICHAL ZAW

မောင်တောမြို့ပေါ်ရှိ ဟိန္ဒူဘာသာဝင် ကျေးရွာသားများ ရပ်ကွက်ထဲရှိ မိမိနေအိမ်များကို စွန့်ခွာထွက်ပြေးနေကြကြောင်း သိရသည်။

"'အခု မောင်တောမြို့ပေါ် ရပ်ကွက်တွေက ဟိန္ဒူဘာသာဝင် ငါးရာလောက် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးလာကြပါပြီ။ မောင်တောမြို့ ပတ်ပတ်လည်မှာ ပစ်သံခတ်သံတွေ ကြားနေရတော့ ဘင်္ဂါလီရွာနားက လူတွေ ထွက်ပြေးလာကြတာပါ" ဟုမောင်တောမြို့ခံ ကိုမောင်တိုးက ပြောသည်။

“ အခု သာသနာ့ဗိမာန်မှာ အောင်ဗလ ၊ မြို့ဦး အစရှိသော ရွာတွေက လူဦးရေ ၆၀၀ လောက် ရောက်နေကြပြီ၊ အခုတစ်ခါ ဟိန္ဒူဘာသာဝင် ရွာသားတွေ အစုလိုက်အပြုံလိုက် လူ ၅၀၀ လောက် ထွက်ပြေးလာတော့ သူတို့ကို နေရာချဖို့ လုပ်နေရတယ်” ဟု မောင်တောမြို့ခံ ကိုဝင်းသိန်းက ပြောသည်။

ဘင်္ဂလီ အကြမ်းဖက်သမားများ၏ ရန်ကိုကြောက်လှန့်၍ ဟိန္ဒူဘာသာဝင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ မောင်တောမြို့ အမှတ် (၃) ရပ်ကွက်ရှိ စာသင်ကျောင်းအတွင်း၌ ဝင်ရောက်ခိုလှုံနေကြပြီး ခန့်မှန်း လူဦးရေ ၂၀၀ ခန့်ရှိကြောင်း သိရသည်။