<

မောင်တောမြို့အတွင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေ

မောင်တောမြို့ သူကြီးကျေးရွာမှ အကြမ်းဖက် ဘင်္ဂါလီများ ထောင်နှင့်ချီကာ ၃ မိုင် ပရဟိတဘုန်းတော်ကြီးကျောင်းဘက်သို့ လမ်းမအတိုင်း တက်လာသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးဘက်သို့ မြို့အပြင်ဘက် ရပ်ကွက်များမှ ဘင်္ဂါလီ အကြမ်းဖက်သမားများ မြို့ထဲသို့ တက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးနေရပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

၃ မိုင် ပရဟိတကျောင်းဆရာတော်က “မြို့သူကြီးရွာက အကြမ်းဖက် ဘင်္ဂါလီတွေ အများကြီးတက်လာလို့ အခု ဆရာတော်ကျောင်းထဲကနေ ပစ်ခတ်နေရတယ်။ ကျောင်းက ကလေးတွေကိုလည်း ကျောင်းအောက်မှာ စုထားရတယ်။ နောက် မောင်တောမြို့ကနေ လုံခြုံရေးအဖွဲ့တွေ တက်လာလို့ အခုတိုက်ပွဲဖြစ်နေတယ်။ တအားစိုးရိမ်စရာ ဖြစ်နေတယ်” ဟု မိန့်ကြားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သတ်၍ မောင်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက “ အခု သုံးမိုင်ဘက်ကို ဘင်္ဂါလီ အစုလိုက်အပြုံလိုက် တက်လာလို့ တိုက်ပွဲဖြစ်နေတယ်။ အရေးပေါ်အကူအညီ လိုအပ်နေပါတယ်” ဟုပြောကြားသည်။

“ဆေးရုံနောက်ဘက်က တက်လာလို့ သေနတ်ပစ်ဖောက်ရတယ်။ အခု မြို့ကိုဝိုင်းပြီး မြို့တွင်ဝင်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်။ ကျွန်တော်တို့ ဗိုလ်မှူးရွာတောင် စိုးရိမ်ရတယ်” ဟု ဗိုလ်မှူးရွာသား စိန်လှဖြူကပြောသည်။

 

August 26, 2017














Copy Protected by Chetan's WP-Copyprotect.