ပဲခူးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၀၀ ခန့်ပျက်စီး

ပဲခူးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၀၀ ခန့်ပျက်စီး
Published 28 July 2018

ပဲခူးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုကာ နေအိမ်များ ပျက်စီးခဲ့စဉ်

ပဲခူးမြို့ ကမာနတ်ကျေးရွာတွင် ဇူလိုင် ၂၆ ရက် ည ၁၂ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်မှုကြောင့် အိမ်ခြေ ၂၀၀ ခန့်ပျက် စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူး-သနပ်ပင်ကားလမ်းအနီး ပဲခူးမြို့အဝင် ကမာနတ် ကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် သွပ်အမိုးများ လွင့်စဉ်ထွက်ခြင်း၊ နေအိမ်များပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့၍ ဓာတ်တိုင်များပြိုလဲခြင်း၊ သစ်ပင်ကြီးများ ပြိုလဲပျက်စီးခြင်း၊ လူများထိခိုက် ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ညက မိုးရွာတာလည်း တအားပဲ။ လေပြင်းပါတိုက်တော့ ည ၁၂ နာရီလောက် မိုးထဲ ရေထဲမှာ အရမ်းကိုဒုက္ခရောက်ကုန်ပါတယ်။ ခေါင်မိုးလန်ထွက်တာတွေ ပြိုလဲနေတဲ့ အိမ်တွေလည်း မြင်မကောင်းအောင်ပါပဲ။ သစ်ပင်တွေလည်း အများကြီး ပြိုလဲကုန်တယ်။ သွပ်ပြား ထိမှန်လို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်” ဟု ကမာနတ်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

နေအိမ်ပျက်စီးပြီး ဒုက္ခရောက်နေသော မိသားစုများကို ဇူလိုင် ၂၇ ရက် နံနံက်ပိုင်းက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားပြီး ပြန်လည်ရှင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် ယခုအခါ ပဲခူးမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ၍ လူဦးရေ ၁၅၀၀၀ ခန့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေပြီး အိမ်ထောင်စု ၂၅၀၀ ခန့် ရေ ဘေးဒုက္ခနှင့် ကြုံနေရကြောင်း သိရသည်။

Most Read

Most Recent