ဟာမီးစ်ရိုဒရီဂွက်ဇ် အသင်းတွင် ဆက်ရှိနေမည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ နီကိုကိုဗက် ပြောကြား

ဟာမီးစ်ရိုဒရီဂွက်ဇ် အသင်းတွင် ဆက်ရှိနေမည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ နီကိုကိုဗက် ပြောကြား
Published 20 July 2018

Photo: Getty Images

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗက်က ကိုလံဘီယာကွင်းလယ်လူ ဟားမီးစ်ရိုဒရီဂွက်ဇ်အနေဖြင့် ရာသီသစ်တွင် ရီးယဲလ်အသင်းသို့ ပြန်သွားမည်မဟုတ်ဘဲ အသင်းတွင် ဆက်ရှိနေမည်ဟု ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ပြီးခဲ့သည့်ရာသီက စတင်ပြီး ဘိုင်ယန်မြူးနစ်အသင်းသို့ (၂)နှစ်အငှားစာချုပ်ဖြင့် လာရောက်ကစားနေသူ ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြသစ် လိုပယ်တယ်ဟီသည် ရိုဒရီဂွက်ဇ်ကို ပြန်လည်ခေါ်ယူဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြရာ နီကိုကိုဗက်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

နီကိုကိုဗက်က "ဟာမီးစ်(ရိုဒရီဂွက်ဇ်)ကို ကျွန်တော်တို့ အငှားစာချုပ်နဲ့ ခေါ်ယူထားတာပါ။ အဲဒီစာချုပ်ပါဝင်တဲ့ သက်တမ်းက မကုန်သေးပါဘူး။ စာချုပ်အရ ကျွန်တော်တို့အနေနဲ့ သူ့ကို
ဝယ်ယူခွင့်ရှိပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် ပြောနိုင်တာကတော့ ရာသီသစ်မှာ ဟာမီးစ်(ရိုဒရီဂွက်ဇ်)ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာပဲ ဆက်ရှိနေမယ်ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

ဟာမီးစ်ရိုဒရီဂွက်ဇ်သည် နည်းပြ ဇီဒန်း လက်ထက်က ရီးယဲလ်အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်ခဲ့ရသည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်မက်ဒရစ်နည်းပြသစ် လိုပယ်တယ်ဟီသည် ၎င်းကို အသုံးပြုရန် ပြန်လည်ခေါ်ယူမည်ဟု မီဒီယာများက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent