ရိုးမားဂိုးသမား အယ်လစ်ဆန်ကို ပေါင် (၆၇)သန်းဖြင့်ခေါ်ယူပြီး လီဗာပူးလ် (၆)နှစ်စာချုပ်ချုပ်ဆို

ရိုးမားဂိုးသမား အယ်လစ်ဆန်ကို ပေါင် (၆၇)သန်းဖြင့်ခေါ်ယူပြီး လီဗာပူးလ် (၆)နှစ်စာချုပ်ချုပ်ဆို
Published 20 July 2018

လီဗာပူးလ်အသင်းသည် ရိုးမားအသင်းမှ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်ကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် (၆၇)သန်းဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် အယ်လစ်ဆန်အား (၆)နှစ်စာချုပ်ချုပ်ဆိုခဲ့ြ့ပီး  ရိုးမားအသင်းထံ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၅၈)သန်းပေးချေရမည်ဖြစ်ကာ အောင်မြင်မှုအပေါ်မူတည်၍ ပေါင် (၉)သန်း ထပ်မံပေးချေရမည် ဖြစ်သည်။

 

Photo: Liverpool FC

ဘရာဇီးလ်အသင်းနှင့်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အယ်လစ်ဆန်သည် ပြီးခဲ့သည့်ရာသီက ရိုးမားအသင်းအတွက် စီးရီးအေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် အကောင်းဆုံးလက်စွမ်းပြခဲ့သူဖြစ်သည်။ ယခင်ကပြောင်းရွှေ့ကြေးအများဆုံးဂိုးသမားအဖြစ် စံချိန်တင်ထားသူမှာ မန်စီးတီးအသင်း၏ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အီဒါဆန်ဖြစ်ပြီး ပြီးခဲ့သည့် တစ်နှစ်ခန့်က ဘင်ဖီကာမှ ပေါင် (၃၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်သည်။ ယခုအခါ အယ်လစ်ဆန်က လက်ရွေးစင်အသင်းဖော် အီဒါဆန်၏စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ ပြီးကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးဂိုးသမားဖြစ်လာခဲ့ပြီဖြစ်သည်။

Photo: Liverpool FC

ဘရာဇီးလ်အသင်းနှင့်အတူ ကွာတားဖိုင်နယ်အထိ ပါဝင်ကစားခဲ့သော အယ်လစ်ဆန်သည် လီဗာပူးလ်အသင်း၏အမေရိကန်ခရီးစဉ်တွင် ပါဝင်မည်မဟုတ်ဘဲ အားလပ်ရပ်အပန်းဖြေရန် အီတလီသို့ပြန်သွားခဲ့ကြောင်း သိရသည်။